အခန်း (၂၁)
8.7K 1.4K 83
အခန်း (၂၁) – မင်းတို့တွေ ငါ့ကို 'အရမ်းခန့်ညားတာပဲ'လို့ပြောရမယ်~
လူတွေတော်တော်များများပြောကြတာကတော့ soap operaတွေက အရမ်းကိုဒရာမာဆန်ပီး နောက်ခံဇာတ်ကြောင်းလဲမရှိ၊ သိက္ခာလဲမရှိသည့်အရှုပ်အရှင်းအတက်အကျတွေနှင့် ပြင်းထန်သည့်ဝိရောဓိsoap operaတွေက ratingတွေ အမြဲမြင့်တယ်တဲ့။
ဒီနှစ်ပိုင်းအတွင်းမှာ ဒရာမာဇာတ်လမ်းတွဲတွေက ရှည်သထက်ရှည်လာပီး တစ်ချို့တွေဆိုရင် အပိုင်း၈၀ ၉၀လောက်ရှိသည်။ ဥပမာပြောရရင် အရင်ခေတ်အခါက ရိုက်ကူးထုတ်လုပ်ထားသည့်ဒရာမာများတွင် နောက်ကြောင်းပြောဖို့အတွက် တစ်ပိုင်းတည်းနှင့်ပီးသွားပီး ဟာကွက်လေးတွေကို ဖြည့်သွားသည်။ ဒါပေမယ့် ထိုဇာတ်လမ်းကိုပဲ အသစ်ပြန်လည်ရိုက်ကူးသည့်အခါမှာတော့ နောက်ကြောင်းပြန်နေတာကပဲ ၃ပိုင်းလောက်ဖြစ်သွားသည်။ ဒီလိုတွေကြောင့် ပုံမှန် ၁၂ပိုင်း အပိုင်း၂၀လောက်ပဲရှိသည့်ဒရာမာသည် အပိုင်း၄၀ ၅၀လောက်ဖြစ်သွားပီး အပိုင်း၁၀၀ထိရောက်သွားတာပင်ရှိသည်။
အပတ်စဉ်ပြသသည့်ဒရာမာတွေ၏အားသာချက်ကတော့ သူတို့တွေသည် အမြဲတမ်းအပိုင်းနည်းနည်းပဲဖြစ်သည်။ အမြဲတမ်းလိုလို ၁၅ပိုင်းထက်မပိုပေ။
ဒါကြောင့် ဒီ၁၅ပိုင်းတွင်းမှာကို ဇာတ်ရည်လည်သွားအောင်အတွက်ကတော့ အပိုင်းတိုင်းတွင် ကြည့်ရှုသူတွေကို ဆက်ကြည့်ချင်စိတ်ပြင်းပျလာအောင် ပြင်းပြင်းထန်ထန်အရှုပ်အရှင်းတွေ အပြည့်ဖြစ်နေပီး ကြည့်ရှုသူတွေက ဒါတွေကြောင့် စိတ်တွေတိုရပေမယ့် ဆက်မကြည့်ပဲမနေနိုင်အောင်ကလည်း လုပ်နိုင်သည်။ ဒီလိုအကြောင်းပြချက်တွေကြောင့် အပတ်စဉ်ဒရာမာများသည့် တစ်ပတ်ကိုတစ်ပိုင်းသာပြသသည်။ ဘာကြောင့်ဆို နောက်တစ်ပတ်တွင်ပြသမည့်အပိုင်းသစ်ကို စောင့်မျှော်နေကြသည့်ကြည့်ရှုသူတွေက အများကြီးဖြစ်သည်။
ကျောက်မေ့သည် တီဗီကိုဖွင့်လိုက်ပီး သူမကြိုက်နှစ်သက်သည့်လိုင်းကိုရွေးလိုက်သည်။ သူမအပတ်တိုင်းစောင့်ပီးကြည့်နေသည့် ရှေးခေတ်စတိုင်ဒရာမာလာဖို့ ၅မိနစ်သာလိုတော့သည်လေ။ သူမသည် ဒရာမာကို စိတ်လှုပ်ရှားစွာစောင့်နေသည်။ အရင်အပတ်အပိုင်းတုန်းက ဇာတ်လိုက်က တကယ်ကြီးသေသွားပီး ဒီနေ့က ဇာတ်သိမ်းပိုင်းဖြစ်သည်။ အကယ်၍ဇာတ်လိုက်ကသာ တကယ်ကြီးကိုသေသွားခဲ့လို့ကတော့ ... အမ် ဓါးတွေပို့ပေးလိုက်မယ် မဖြစ်မနေကိုပို့ပစ်မယ်!