အခန်း (၁၁.၁)
10.3K 1.7K 89
အခန်း (၁၁) - I want to add my fingerprints to your phone!
တရုတ်တွင် တစ်ယောက်အပေါ်တစ်ယောက် လေးစားသမှုနှင့်ဆက်ဆံတာကို အလေးထားလေသည်။
လူတစ်ယောက်ယောက်အပေါ်အကြွေးတင်သွားမှာကိုလဲ အရမ်းစိုးရိမ်တတ်ကြသည်။ ရုံရှီသည် ဒီမှာနေနေတာ ၃ရက်လောက်ကြာသွားသည့်အခါမှာပဲ သူသည် တစ်ဖက်သားအပေါ် အကြွေးတင်နေသလိုခံစားလာရသည်။ ဒါကြောင့် အခုလက်ရှိမှာတော့ တစ်ဖက်လူက သူ့ကို ဒီမှာပဲဆက်နေပီး အိမ်ငှားခပေးရင် အဆင်ပြေတယ်လို့ ပြောလာပေမယ့် သူကတော့ ထိုအကြံပြုချက်ကို ငြင်းပယ်လိုက်သည်။
လူငယ်လေးက ပြုံးပြုံးလေးဖြင့် သူပြောတာကိုငြင်းလာသည့်အခါမှာတော့ သူသည် တော်တော်လေးကိုအံ့သြသွားမိသည်။ ဒီလိုမျိုးအဆုံးသတ်ဖြစ်လာမည်လို့ သူလုံးဝမထင်ထားမိပေ။ စားပွဲပေါ်တွင် ခေါက်နေသည့်ချင်းချန်၏လက်ချောင်းသည် တဖြည်းဖြည်းဖြင့် ပိုမြန်လာပီး အသံကလည်း ပိုပိုပီးပြတ်သားလာသည်။
ဒီလိုအကျင့်လေးက လူတော်တော်များများမှာရှိတတ်ကြတာကြောင့် ရုံရှီသည် ထိုအပြုအမူအပေါ်စိတ်မရှိပေ။ ထိုအစားသူသည် မျက်လုံးများမှေးမှိတ်သွားလောက်သည်အထိ ပြုံးလာပီး ချင်းချန်ကို တိတ်တဆိတ်သာကြည့်နေသည်။ သူ့ပုံစံက နူးညံ့သည့်သဘောဆောင်နေပေမယ့် မျက်လုံးများတွင်တော့ ပြတ်သားသည့်ငြင်းပယ်မှုတွေက ထင်ထင်ရှားရှားဖြစ်နေပီး စိတ်ပြောင်းသွားမည့်အလားအလာမရှိပုံပင်။
အချိန်အတော်ကြာသွားတော့မှ ချင်းချန်သည်တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ "မင်းနေဖို့ တိုက်ခန်းကို ရှာတွေ့သွားပီလား?"
ရုံရှီသည် ခေါင်းငြိမ့်ပြလိုက်ပီး ပြန်ဖြေလိုက်သည်။ "အင်း အကိုလော့ပြောတာတော့ တော်တော်လေးအဆင်ပြေမယ့်တိုက်ခန်းနှစ်ခုကို တွေ့ထားတယ်တဲ့" ရုံရှီသည် စကားကိုခနရပ်လိုက်ပီးမှ ဆက်ပြောလိုက်သည်။ "အဲ့ဒါက ဟွားရှအင်တာတိန်းမန့်က လော့ကျန်းထောင်လေ ကျွန်တော်က သူနဲ့အရင် စာချုပ်ချုပ်လိုက်တာကြောင့်မို့လို့ ခင်ဗျားရဲ့စတူဒီယိုနဲ့စာချုပ်မချုပ်ဖြစ်တော့တာ"