အခန်း (၄၈)
6.8K 1.4K 189
အခန်း (၄၈) - အကယ်၍ တစ်နေ့ကြ မင်းက ရုံရုံနဲ့ အတူအိပ်ရမယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ? အွန်လိုင်းပေါ်ကစောင့်နေတယ် အရမ်းအရေးကြီးတယ်!
Eng Translator: Vian
~~~~~~~~~~~~~
မဒမ်ချင်းက ချင်းချန်တိုက်ခန်းတံခါးရှေ့မှာ နာရီဝက်မက စောင့်နေရသည်ဆိုတာကို ဘယ်သူထင်မိမှာလဲ။
နောက်ပီး မဒမ်ချင်း မထင်မိတာက အခြေအနေဘယ်လိုရှိနေလဲဆိုတာကို သူမလာစစ်ကြည့်အခါမှာတော့ ဒီလိုဆိုးရွားသည့်သတင်းကို ကြားလိုက်ရသည်လေ။
အိမ်ငှားခ! ပေးတယ်!
ရုံရုံက နင်နဲ့အတူတောင်နေပီးနေပီ။ ဒါပေမယ့် မင်းက အိမ်ငှားခပေးစေချင်နေတယ်ဟုတ်လား?! နင်တို့ပတ်သတ်မှုက ဘယ်လိုလို့ထင်နေတာလဲ ရုံရုံက သူမအချစ်ရဆုံးသားလေးဖြစ်နေတာကိုတောင်မှ သူက အိမ်ငှားခပေးဖို့လိုသေးတယ်?
တကယ့်ကို ခံစားချက်မရှိဘူး တကယ့်ကို အသဲနှလုံးမရှိဘူး တကယ့်ကိုလက်မခံနိုင်စရာပဲ!
သုံးယောက်လုံး တိုက်ခန်းထဲဝင်သွားပီးချိန်မှာတော့ မဒမ်ချင်းသည် သူမသားကို တစ်ချက်တောင်မကြည့်ပဲနဲ့ ရုံရုံလက်ကို ဆွဲလိုက်ပီး ဧည့်ခန်းရှိရာသို့ တန်းသွားလိုက်သည်။ လမ်းလျှောက်နေရင်း မဒမ်ချင်းသည် လူငယ်လေး၏ထင်ရှားချောမောသည့်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးနေပီး စိတ်မကောင်းလွန်းသည့်အသံဖြင့် ပြောလိုက်သည် : "ရုံရုံ သားလေး ပိုပိန်သွားတယ် သားရဲ့ပါးတွေကိုကြည့်ဦး အထဲကိုတောင်ခွက်ဝင်တော့မယ်! သားရဲ့လက်တွေလဲကြည့်ပါဦး ဘယ်လိုလုပ်ပီး ဒဏ်ရာရသွားတာလဲ? ဒီဒဏ်ရာကို ဘယ်ကရခဲ့တာလဲ နာတယ်မလားဟင် အရမ်းကိုနာနေမှာပဲ"
ရုံရှီသည် မတတ်သာစွာပြုံးလိုက်ပီး : "မနာပါဘူး ကျွန်တော့်ကိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီ"
ဒီဒဏ်ရာက လွန်ခဲ့သည့်ရက်အနည်းငယ်က "အလင်းမဲ့တိမ်တိုက်များ"ရိုက်ကူးရေးလုပ်ရင်း ရခဲ့တာဖြစ်သည်။ ရုံရှီသည် ရိုက်ကွင်းဆက်တင်ကို ခလုတ်တိုက်မိပီး လဲကျသွားချိန် ကြမ်းကို လက်ဖြင့်ထောက်လိုက်တာကြောင့် အနည်းငယ်ပွန်းသွားတာဖြစ်သည်။ အပေါ်ယံအရေပြားလေးသာ ပွန်းသွားတာဖြစ်ပီး နာဖို့နေနေသာသာ သွေးတောင်ထွက်တာမဟုတ်။