အခန်း (၅၈.၂)
5.5K 1.2K 17
အခန်း (၅၈.၂) – ပျောက်ဆုံးသွားသောတောင်ပံများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီလိုရှည်လျားတဲ့ဝေဖန်ချက်က ထွက်လာသည့်အခိုက် များစွာသောကြည့်ရှုသူတွေသည် မှင်သက်သွားပီး ချက်ချင်းပဲ ပြန်တွေးတောနေတော့သည်။
[ဟုတ်တယ်! အဲ့ချိန်တုန်းက ငါမှာငိုပဲငိုနေမိလို့ မျက်ရည်တွေကြောင့် ပိတ်ကားကို မမြင်နိုင်တော့ဘူး ဒါပေမယ့် အဲ့သီချင်းထွက်လာတဲ့ချိန် ငါငိုတာရပ်လို့မရတော့ဘူး သူဆိုနေတဲ့ချိန် ငါငိုနေတုန်းပဲ wu wu wu တကယ့်ကို နားထောင်လို့ကောင်းတယ်!]
[ဇာတ်ကားတစ်ခုလုံး ငါ့အတွက် အငိုရဆုံးအပိုင်း၃ပိုင်းရှိတယ် ပထမတစ်ခေါက်က လင်းရှောင်းကနေပီး ကုမင်ရှိုးရဲ့ခန္တာကိုယ်ကို ခွဲခြားဖို့အတွက် သွားတုန်းက အခန်းရယ် ဒုတိယတစ်ခေါက်က လင်းရှောင်းကနေပီး သူ့ဂီတပွဲမှာ ကုမင်ရှိုးရဲ့ပုံရိပ်ကို ရုတ်တရပ်မြင်မိသလိုဖြစ်သွားပီးနောက် ဦးနှောက်အကျိတ်ကြောင့် လဲကျသွားတဲ့အခန်း တတိယတစ်ခေါက်ကတော့ ဈာပနအခမ်းအနားလုပ်တဲ့အခန်းပဲ တိမ်မဲတွေက ပြန့်ကျဲသွားပီး နေရောင်ဖြာကျလာတဲ့ချိန် အကုန်လုံးကတည်ငြိမ်အေးချမ်းသွားတာကို ငါမြင်လိုက်ရတယ် နောက်တော့ အဲ့ဒီသီချင်းက ထွက်လာတာနဲ့ ငါမှာ အလိုလိုငိုမိတော့တယ်]
[တကယ်ပဲ အဲ့ဒီသီချင်းက ဘယ်သူ့သီချင်းလဲ? နတ်ဘုရားရဲ့သီချင်းတော့မဖြစ်နိုင်လောက်ဘူး ငါအရင်ကတစ်ခါမှမကြားဖူးဘူး! ဒါက ဇာတ်ကားရဲ့မူရင်းဇာတ်ဝင်တေးများဖြစ်နေမလား? တကယ့်ကိုအရမ်းကောင်းတာပဲ ဒီသီချင်းနာမည်ကို တစ်ယောက်ယောက်များသိကြလား! ဆရာကြီးတွေဆီကနေပီး အကူအညီတောင်းပါတယ်!]
ဇာတ်ကားတိုင်း၏အဆုံးတွင် စာလုံးသေးသေးလေးတွေဖြင့် ဒီရုပ်ရှင်တွင် ပါဝင်သည့်သူတိုင်း၏နေရာအသေးစိတ်ကို ဖော်ပြလေ့ရှိသည်။ အလင်းမဲ့တိမ်တိုက်များရိုက်ကူးရေးအဖွဲ့မှာတော့ နေ့လည်စာလာပို့ပေးသည့်ညီလေး၏နာမည်ကိုတောင် ထည့်ရေးပေးထားပီး သူ့အားကျေးဇူးတင်သည့်အကြောင်းပါ ပါသည်။ တစ်ယောက်ယောက်ကသာ အာရုံထားမိသည်နှင့် ဒီသီချင်းနာမည် ဆိုသည်သူ တေးရေးဆရာတွေကို သေချာပေါက်မြင်မိမည်ဖြစ်သည်။