အခန်း (၆၁.၁)
5.1K 1.1K 33
အခန်း (၆၁.၁) – ချစ်စရာကောင်းတာတွေကို ရောင်းနေတဲ့ဒီလိုပုံစံမျိုး၊ ဒီလူနဲ့သူမရင်းနှီးဘူး
..................................................................
ချက်ချင်းကိုပဲ ချင်းချန်သည် ဒီပို့စ်ကိုဖျက်လိုက်ပီး ပုံအမှန်နှင့် ပို့စ်အသစ်ကို တင်လိုက်သည်။ ဒါပေမယ့် အရမ်းနောက်ကျသွားပီလေ။ ဖန်တွေ၏ကွန်မန့်နေရာမှာ ပို့စ်ဝင်တင်တဲ့ သာမန်အကောင့်ငယ်လေး တစ်ခုပဲဖြစ်တယ်ဆိုရင်တောင်မှ ဒီလောက်ကြီးအာရုံစိုက်လောက်တဲ့အထိ ဖြစ်သွားမှာမဟုတ်။ သေချာပေါက်ကို ရှာဖွေမှုစာရင်းကနေတဆင့် ဖန်တွေသည် ဒီဓါတ်ပုံကို တွေ့သွားရင်တောင်မှ ဒီပို့စ်ရဲ့လူသိများမှုက ဒီလောက်ကြီး ကျယ်ပြန့်သွားဦးမှာမဟုတ်။
ဒါပေမယ့် ပို့စ်တင်သူရဲ့ ရေတပ်ဆိုင်ပိုင်ရှင်က အရမ်းကိုတာဝန်သိတတ်သူတစ်ယောက်လေ ...... ဒီပို့စ်ကို ဖန်တွေရဲ့ပို့စ်တင်သည့်နေရာတွင် ပထမဆုံးနေရာသို့ရောက်အောင် ကူညီပေးလိုက်သည်။
၂နာရီဆိုသည့် အချိန်တိုလေးအတွင်းမှာပဲ အာလီမားမားက လက်ဆောင်မွန်ဖြစ်သည့် အဆင့်မြင့်ရေတပ်ဖန်၂၀၀၀အပါအဝင် ကြာစေ့နှစ်နဲ့လိမ္မော်အစာသွပ်၏အကောင့်သည် followerပေါင်း ၄၀၀၀ကျော်သွားပီလေ!
[ဘုရားတရားကယ်ပါ ဘာလို့ငါတို့ရဲ့ရုံရုံပုံလေးက ပျောက်သွားတာလဲ! Ao Ao Ao ငါနောက်ထပ်လျှက်ချင်သေးတယ်!! တော်သေးတာက ငါပုံကိုsaveထားလိုက်တာပဲ]
[ပုံကို ပြန်တောင်းဆိုပါတယ်! ငါလာတာခြေတစ်လှမ်းနောက်ကျသွားတယ် ငါကြားလိုက်တာက ဒီပို့စ်ပိုင်ရှင်ဆီမှာ ငါ့ကောင်လေးရဲ့ဓါတ်ပုံလှလှလေးရှိတယ်ဆို ဘာလို့အခုကျပျောက်သွားတာလဲ!]
[ရုံရုံရဲ့အဝတ်အစားကိုကြည့်ရတာ အလင်းမဲ့တိမ်တိုက်များရိုက်ကွင်းတုန်းက ဝတ်စုံဖြစ်ပုံရမယ် ဆံပင်စတိုင်လ်ကလည်း အဲ့တုန်းက လင်းရှောင်းရဲ့ပုံစံပဲ ဒီတော့ ပြောချင်တာက ပို့စ်ပိုင်ရှင်က တကယ်ပဲအလင်းမဲ့တိမ်တိုက်များရဲ့ဝန်ထမ်းတစ်ယောက်လား? 23333 ရိုက်ကူးရေးအဖွဲ့ထဲက တစ်ယောက်ယောက်ကလည်း ငါတို့ချန်းရုံလေးကို သဘောကျမယ်လို့ မထင်ထားဘူး! နောက်ပီး သူတို့က ချန်းရုံအဖွဲ့ဝင်လည်းဖြစ်သေးတယ် hahaha ငါတို့လှေကြီးကရွက်လွင့်နေဆဲပဲ!]