အခန်း (၉၄.၄)

4.3K 693 30
                                    

အခန်း (၉၄.၁) ကြောင်ကတိုးတစ်ကောင်အတွက် မင်းသားတစ်ပါးနှင့်လဲလှယ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~  

တကယ်လို့သာ "ပျောက်ဆုံးသွားသောတောင်ပံများ" နှင့် "အလင်းမဲ့တိမ်တိုက်များ" တို့၏အခွေရောင်းချနိုင်မှုနှုန်းအပါအဝင် ရုံတင်ဝင်ငွေအမြတ်တွေကိုထည့်တွက်လိုက်မယ်ဆိုရင်တောင်မှ ဒီရုပ်ရှင်သည် ရင်းနှီးမြုပ်နှံမှုသန်း၁၀၀ကျော်လေးနဲ့ကို အမြတ်၁၅ဘီလျံကျော်ရထားတာက ဒီနှစ်အတွက် နံပါတ်တစ်ရွှေတွင်းကြီး ဖြစ်နေပြီလေ။ 

အခုမှ ဂျွန်လသာရှိသေးပြီး နှစ်ဝက်သာရောက်သေးသည်။ ရုံတင်ဝင်ငွေနှင့်သာ ဆုံးဖြတ်မည်ဆိုလျှင် "အလင်းမဲ့တိမ်တိုက်များ"က ပွဲသိမ်းချန်ပီယံဖြစ်နေပြီ။ 

အမြတ်ပိုရဖို့အခွင့်အရေးတစ်ခုအတွက် ပိုက်ဆံသုံးပေးရမှာကို ဘယ်ထုတ်လုပ်သူကမှ အလွတ်ခံမှာမဟုတ်ပေ။ ဝင်္ကဘာမြို့တော်ကို ရုံရှီရိုက်ကူးပြီးသွားသည့်နောက် ရိုက်ကူးရေးအဖွဲ့ပေါင်းများစွာက လော့ကျန်းထောင်ဆီသို့ သူတို့ဇာတ်ညွှန်းတွေကို ပို့လာကြသည်။ ကြော်ငြာပိုင်ရှင်များကလည်း ရုံရှီက သူတို့၏ပြောရေးဆိုပိုင်ခွင့်ရှိသူဖြစ်လာစေရန် မျှော်လင့်နေကြသည်။ 

ဒါရိုက်တာရှုရှန်းကလည်းပဲ လောင်လျို့ကဲ့သို့ သူ့ဇာတ်ကားကို ကြိုတင်ပြီး ပွဲဆူအောင်လုပ်သော အကြိုက်မျိုးမရှိပေ။ သိုပေမယ့် ဒါရိုက်တာရှုကတော့ လောင်လျို့ထက်ပိုသာသည်။ ရိုက်ကူးရေးအဖွဲ့ကနေပြီး သရုပ်ဆောင်တွေကို တရားဝင်သတ်မှတ်ပြီးတာနှင့် ဒါရိုက်တာရှုသည် ဇာတ်လမ်းဝတ်စုံ နှင့်ပိုစတာတွေအပေါ် ရက်ရက်ရောရောအကုန်အကျခံပြီး သူတို့တရားဝင်ဖွင့်ပွဲအခမ်းအနားကိုကြေငြာရန်လည်း စာနယ်ဇင်းရှင်းလင်းဖွဲ့ကျင်းပသေးသည်။ 

ဒါကြောင့် ဒါရိုက်တာရှု၏ဇာတ်ကားသစ်ထဲမှ ရုံရှီ၏ဇာတ်ကောင်ကို မဖော်ပြရသေးသော်ငြားလည်း နောက်တစ်ပတ်သူတို့စတင်ရိုက်ကူးသည်နှင့် ဒါက လူသိရှင်ကြားဖြစ်သွားတော့မည်။ 

လောင်လျို့ဖက်ကတော့ မတူပေ။ ရုံရှီမှာ သူ့နောက်ဆုံးခန်းကိုရိုက်ကူးလို့ ပြီးစီးတော့မည်ဖြစ်ပေမယ့် လောင်လျို့သည် "ပန်းထိုးသည်(ကျွမ်းဟွားလို့) ဆိုသည့် စကာားသုံးလုံးကို လူထုရှေ့မချပြသေးပေ။ 

စူပါစတားတစ္ေယာက္၏ဆႏၵ / စူပါစတားတစ်ယောက်၏ဆန္ဒWhere stories live. Discover now