အခန်း (၃၈.၂)
6.9K 1.5K 47
နေ့ခင်းပိုင်းရောက်သည့်အခါမှာတော့ ရှမုယန်သည် ချက်ချင်းမပြန်သွားသေးပဲ ရိုက်ကွင်းပေါ်က တစ်ခြားမိတ်ဆွေဟောင်းတွေနှင့် စကားစမည်ပြောနေသေးသည်။ နေ့လည်မှာတော့ နောက်ထပ်နာမည်ကျော်အမျိုးသမီးစတားတစ်ယောက်ထပ်မံရောက်ရှိလာသည်။ နေ့ခင်းပိုင်းအတွက် ရှမုယန်ရိုက်ရမည့်အခန်းသည် တစ်ခြားဘယ်သူမှမပါပဲ သူမတစ်ယောက်တည်းသာဖြစ်သည်။ သူမသည် ကင်မရာအဖွဲ့ဘီနှင့် ၃စက္ကန့်လောက်သာရိုက်ရုံရှိပီး ထိုအခန်းပီးသည်နှင့် သူမအလုပ်ပီးသွားပီဖြစ်သည်။
သူမမိတ်ဆွေတွေကိုနှုတ်ဆက်ပီးမသွားခင်၌ ရှမုယန်သည် အဓိကရိုက်ကွင်းနေရာသို့သွားရန်ပြင်လိုက်ပီး ချင်းချန်နှင့်ဒါရိုက်တာလျောင်တို့ကို သွားနှုတ်ဆက်ဖို့ လုပ်လိုက်သည်။ သူမသည် အဓိကရိုက်ကွင်းဂိတ်ဝသို့သွားလိုက်ပီး ချင်းချန်ကို လိုက်ရှာကြည့်လိုက်သည်။
ရှမုယန်တစ်ယောက် စကားပြောဖို့ပြင်လိုက်ချိန်မှာပဲ သူမအသံကလည်ချောင်းဝမှတစ်သွားခဲ့ရသည်။ သူ့မ၏လှပသောမျက်ဝန်းများက ပြူးကျယ်သွားရသည့်အကြောင်းကတော့ ချင်းချန်သည် ရုံရှီအရှေ့သို့သွားကာ တစ်ခုခုပြောလိုက်ပုံရပီး ဒါက ရုံရှီကို ပြုံးပီးခေါင်းပြန်ညိမ့်ပြလိုက်စေသည်။ ချင်းချန်သည်မျက်နှာသေအတိုင်းသာဖြစ်နေသည်ဆိုပေမယ့် သူ့မျက်နှာထားက နည်းနည်းပျော့ပြောင်းနေတာကတော့ သိသာလှသည်။
သိပ်မကြာခင်မှာတော့ သူတို့သည် လှည့်သွားပီး နားနေခန်းရှိရာသို့လျှောက်သွားကြသည်။
ထိုအမျိုးသားနှစ်ယောက်အတူထွက်သွားတာကို ရှမုယန်ကြည့်နေလိုက်သည်။ သူမစကားပြောချင်သည်။ ဒါပေမယ့် သူမသည် ပါးစပ်သာဟလိုက်နိုင်ပီး စကားတစ်လုံးမှထွက်မလာနိုင်ပေ။ နောက်တော့ ရှမုယန်သည် သူ့မျက်ဝန်းထဲကဖက်ရခက်သည့်အကြည့်ကို ကွယ်ဝှက်လိုက်ပီး ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ကို လှမ်းဆွဲလိုက်သည်။ နူးညံ့စွာပြုံးပြလိုက်ပီး သူမမေးကြည့်လိုက်သည်။ "ဘာလို့ ချင်းချန်ကို မမြင်မိတာလဲ? ချင်းချန်ဘယ်မှာရှိလောက်မလဲဆိုတာ ရှင်များသိမလာလို့ ကျွန်မမေးလို့ရမလားဟင်?"