အခန်း (၉၃.၄)
4K 804 30
အခန်း (၉၃.၄) – အစားရွေးသည့်ရုံရုံ
~~~~~~~~~~~~~~~~~~~~~~~~
လင်းထိန်နေသည့်မီးရောင်အောက်တွင် ခမ်းနားထည်ဝါသည့်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်လေးမှာ သူ့ခေါင်းကိုငုံ့ထားပြီး သူ့ဟင်းထဲက မုန်လာဥတွေကို သေချာလေးရှာဖွေနေသည်။ သူ့လှုပ်ရှားမှုတွေနှင့် သူ့ဆံပင်ရှည်ကြီးကလည်း သူ့မျက်နှာဘေးသို့ ကျဆင်းလာပြီး သူ့ကြည်လင်နေသည့်မျက်လုံးတွေထဲမှာတော့ စူးစိုက်မှုတွေပြည့်နေပုံက သူသည် အရမ်းကိုကြီးမားသည့်တာဝန်တစ်ခုအား တာဝန်ယူဆောင်ရွက်နေသည့်အလားပင်။
မုန်လာဥတစ်ခုကို ထုတ်လိုက်ပြီးတဲ့နောက် ဒုတိယတစ်ခု၊ တတိယတစ်ခုနှင့် စတုတ္ထတစ်ခုတို့ကလိုက်လာသည်......
ရုံရှီသည် အသားဟင်းထဲက မုန်လာဥတွေအကုန်ဖယ်ပြီးသွားတဲ့နောက်မှာတော့ သူ့ဟင်းက တစ်ဝက်ကျော်လောက်ကို လျှော့သွားကာ အသားဖက်သေးသေးလေးတွေ ၇ခု ၈ခုလောက်သာ ကျန်တော့သည်။
ချင်းချန် : "......"
ဒါတွေလုပ်ပြီးသွားတော့ ရုံရှီသည် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။ သူ့မျက်နှာကိုမော့လိုက်ပြီး အပြုံးလေးဖြင့် : "ခင်ဗျားမုန်လာဥစားလား?"
လူငယ်လေး၏အပြစ်ကင်းသည့်အပြုံးလေးကိုကြည့်နေရင်း အမျိုးသား၏နှလုံးသားမှာလည်း အရည်ပျော်သွားတော့သည်။ ဒါပေမယ့် အပေါ်ယံမှာတော့ သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး ပြောလိုက်သည်။ : "မစားဘူး"
ရုံရှီမှာ အံ့သြမှင်သက်သွားသည်။ သူ့နေ့လည်စာဘူးကို ငုံ့ကြည့်လိုက်ပြီးနောက် မုန်လာဥတွေပုံနေသည့် ချင်းချန်၏နေ့လည်စာဘူးကိုကြည့်လိုက်သည်။
"...... ဒါဆိုရင်လည်း ကျွန်တော်ပြန်ယူလိုက်မယ်"
ချင်းချန်၏ထုံပေပေမျက်နှာက ဖြည်းဖြည်းချင်းအရည်ပျော်သွားသည်။ ရုံရှီကနေပြီး တကယ်ကြီးမုန်လာဥတွေပြန်ယူတော့မည့်ပုံကို မြင်လိုက်ရတော့ သူသည် သူ့တူဖြင့် ရုံရှီ၏လှုပ်ရှားမှုတွေကို တားမြစ်လိုက်သည်။
ရုံရှီသည် သူ့အကြည့်ကိုပင့်လိုက်ပြီး : "?"
အမျိုးသား၏နှုတ်ခမ်းတွေက တည်ငြိမ်စွာဖြင့် ကော့ညွှတ်သွားပြီး သူ့၏ဆွဲဆောင်ရှိပြီး နှစ်လိုဖွယ်ကောင်းသည့်အသံဖြင့် ပြောလိုက်သည်။ : "မင်းဟာ ကိုယ်စားမယ်"