အခန်း (၄၉.၂)
7K 1.4K 51
နောက်တစ်န့မနက် ရုံရှီမျက်လုံးဖွင့်လိုက်သည့်အခါ သူမြင်လိုက်ရသည့်ပထမဆုံးအရာကတော့ အမျိုးသားတစ်ယောက်၏ မြင့်မြတ်ပီး ခံစားချက်ကင်းမဲ့နေသည့်မျက်နှာဖြစ်သည်။
သူသည် လန့်သွားပီး အလိုလိုနောက်ရွှေ့ဖို့လုပ်လိုက်ပေမယ့် သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားတာကြောင့် သူ့မှာ တောင့်ခဲသွားသည်။ အခုမှ ရုံရှီသိသွားသည်က သူသည် ချင်းချန်နားတော်တော်ကို နီးကပ်နေပီး သူ့လက်ကလည်း တစ်ဖက်လူ၏ရင်ဘက်ပေါ်တင်ထားမိသေးသည်!
မနေ့ညတုန်းက ရုံရှီအိပ်သည့်အချိန်တွင် ချင်းချန်မှာ အိပ်ယာပေါ်တောင် မရောက်သေးပေ။ တစ်ဖက်လူက ဘယ်ချိန်အိပ်ယာဝင်သွားပီး ညဖက်အိပ်နေသည့်အချိန် သူက တစ်ဖက်လူဆီရွှေ့သွားပီး လက်ကိုင်မိထားတာကိုလည်း လုံးဝမသိပေ။
ချင်းချန်အိပ်နေသေးတာကို မြင်လိုက်ရတာကြောင့် ရုံရှီသည် တစ်ဖက်လူ၏လက်ထဲက သူ့လက်ကို ပြန်ဆွဲယူလိုက်ပီး မြန်မြန်ထသွားလိုက်သည်။ သူသည် ရေချိုးခန်းထဲသို့ လျင်မြန်စွာဝင်သွားတာကြောင့် သူမသိလိုက်သည်က ရေချိုးခန်းတံခါးပိတ်သွားသည့်အချိန်တွင် ချင်းချန်၏မျက်လုံးများက ဖြည်းညင်းစွာပွင့်လာသည်လေ။ သူ့မျက်လုံးများက အိပ်ချင်မူးတူးအရိပ်အယောင်မရှိပေ ; နိုးနေတာကြာပီဆိုတာ သေချာပေါက်ပင်!
ရုံရှီရေချိုးမျက်နှာသစ်ပီးသွားတော့မှသာ ချင်းချန်သည် တည်တည်ငြိမ်ငြိမ်ထလာပုံက ဘာဖြစ်သွားလဲဆိုတာ သူလုံးဝမသိလိုက်သည့်အတိုင်းပင်။
ရုံရှီသည် စိတ်သက်သာရာရသွားသကဲ့သို့ သက်ပျင်းချလိုက်သည်။
ရုံရှီသည် သူ့အရင်ဘဝတစ်လျှောက်လုံး အချစ်အကြောင်းမပြောဖူးပေမယ့် သူသည် homosexualတစ်ယောက်ဖြစ်နိုင်ခြေများမှန်းတော့ သူ့ကိုယ်သူ အနည်းနှင့်အများခန့်မှန်းမိသည်။ သူသည် ဆန့်ကျင်ဘက်လိင်အပေါ် အရမ်းကြီးစိတ်ဝင်စားမှုမရှိဘူးလေ။ သူ့တွင် မိန်းကလေးသူငယ်ချင်းတစ်ချို့ရှိပီး သူ့ကို ကြိုက်လို့ပိုးပန်းနေကြသည့် မိန်းကလေးတွေလည်းရှိပေမယ့် သူသည် ထိုမိန်းကလေးတွေအပေါ် ဘယ်လိုမှခံစားချက်ဖြစ်မလာပေ။