အခန်း (၂၈)
8.1K 1.5K 94
အခန်း (၂၈) – ရုံရှီ : ဒါက ငါ့ကြောင့်များလား?
~~~~~~~~~~~~~~~~~~~~~~~~~
ဒီစားပွဲဝိုင်းမှာရှိနေသည့် "အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း"ရိုက်ကူးရေးအဖွဲ့ဝင်များသည် ဒီလောကထဲတွင် စီနီယာပိုင်းရောက်နေသူများအဖြစ် သတ်မှတ်၍ရသည်။ ထိုထဲမှာမှ ဒါရိုက်တာကွမ်သည် တီဗီဒရာမာလောကတွင် ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်ပီး တန်မုန့်လန်သည် ဆုတွေအများကြီးရဖူးသော ပေါ်ပြူလာဖြစ်နေသည့်ပထမဆင့်စတားတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် သူတို့တွေအတွက်တောင်မှ ချင်းချန်က ဘာကြောင့် "Extremely Entertaining" postကို forwardလုပ်သွားလဲဆိုတာကို နားမလည်နိုင်ဖြစ်နေကြသည်။
ဒါရိုက်တာကွမ်ရိုက်ခဲ့သည့်ကားတွေက မရေမတွက်နိုင်အောင်ရှိပီး ရရှိခဲ့သည့်ဆုတွေကလည်း သေးသေးကွေးကွေးလေးတွေမဟုတ်။ ဒါက ကံတရားကော အောင်မြင်မှုကော နှစ်ခုလုံးအပိုင်ရထားသလိုပင်။ ဒါပေမယ့် ဒါတွေက တီဗီဒရာမာအတွက်သာဖြစ်သည်။ တန်မုန့်လန်သည် အရင်က ဇာတ်ကားနှစ်ကားမှာ ဝင်ပီးသရုပ်ဆောင်ဖူးပေမယ့် ဒါက အခြေအနေကိုစမ်းသပ်သည့်low-budgetကားသာဖြစ်ပီး ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ အရမ်းနေရာမရဘူးလို့တောင် ပြောချင်ပြော၍ရသည်။
အနုပညာလောကတွင် ထုတ်မပြောသည့်စကားတစ်ခုရှိသည် : သရုပ်ဆောင်တစ်ယောက်က ပိတ်ကားကြီးကြီးပေါ်ရောက်သွားပီးရင် ပိတ်ကားသေးလေးဆီပြန်မသွားချင်တော့ပေ။
ပိတ်ကားကြီးကတော့ ဇာတ်ကားကြီးတွေဖြစ်ပီး ပိတ်ကားသေးကတော့ တီဗီဒရာမာတွေဖြစ်သည်။
ရုပ်ရှင်တစ်ခုရိုက်ကူးရာတွင် သရုပ်ဆောင်တစ်ယောက်အတွက် လိုအပ်ချက်တွေက ပိုမြင့်လာသည်။ ပိတ်ကားကြီးဖြစ်တာကြောင့် အရာရာတိုင်း၏အသေးစိတ်ကို အကျယ်ချဲ့မြင်ရမည်ဖြစ်ပီး ကြည့်ရှုသူတွေသည်လည်း သရုပ်ဆောင်တစ်ယောက်၏အမူအရာနှင့်လှုပ်ရှားမှုမှန်သမျှကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရမည်ဖြစ်သည်။ မဆိုစလောက်လေးလိုအပ်သွားသည်က အမှားအကြိးကြီးကိုဖြစ်စေနိုင်ပီး အမှားသေးသေးလေးကပင် ပိတ်ကားထက်တွင် အဆပေါင်းမြောက်များစွာအကြီးချဲ့ပြသလိုဖြစ်မည်။