အခန်း (၃)
14.4K 1.9K 26
အခန်း(၃) နှိုင်းယှဉ်ခြင်းမဲ့သည့်တစ်စုံတစ်ယောက်
ရုံရှီ အဝတ်လဲခန်းကနေပီး ထွက်လာသည့်အခါတွင်တော့ ရိုက်ကွင်းအတွင်းရှိဝန်ထမ်းတော်တော်များများ၏ အံ့သြလွန်းသည့်အသံကျယ်ကြီးများဖြင့် ဖြစ်သွားကြသည်။
ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ် လူတိုင်း၏အာရုံသည် ချောမောဆွဲဆောင်မှုရှိလွန်းသည့်နေရာတွင်သာ ရှိနေကြသည်။ အဖြူရောင်ဝတ်စုံကိုဆင်မြန်းထားသည့်လူငယ်လေး၏အေးချမ်းပီးကျက်သရေရှိသည့်ပုံစံက လူတိုင်း၏နှလုံးသားကို စွဲမက်တောင့်တသွားစေနိုင်ပီး လူတိုင်းသည် ထိုလူငယ်လေးအပေါ်တွင်သာ အာရုံစိုက်မိနေကြသည်။ ထိုလူငယ်လေးသည် နွေးထွေးနူးညံ့သည့်အသွင်လဲရှိတာကြောင့် လူတိုင်းက ထိုလူငယ်လေးနှင့်ရင်းနှီးကျွမ်းဝင်ချင်စိတ်တွေဖြစ်လာကြသည်။ နာမည်ကြီးဆယ်လီတော်တော်များများ၏အေးစက်ပီးမောက်မာကာမာနကြီးသည့်ပုံစံတွေလိုမျိုး မဟုတ်တာကြောင့် ထိုလူငယ်လေးသည် တော်တော်များများ၏ကောင်းမွန်သည့်အမြင်ကို ချက်ချင်းလက်ငင်းလက်ခံရရှိသွားသည်။
ယေဘူယျအားဖြင့်ပြောရရင်တော့ လူဆိုသည့်အမျိုးသည် ရုပ်ရည်သွင်ပြင်ကိုသာကြည့်ပီး ဆုံးဖြတ်ကြသည့်လူမျိုးဖြစ်ကြသည်။
လော့ကျန်းထောင် အလေးအနက်ခံစားမိသွားတာကတော့ သူ့မျက်စိရှေ့တွင်ရှိနေသည့်သူသာ သူပထမဆုံးတွေ့မိသည့်ရုံရှီဖြစ်နေမည်ဆိုလျှင် သူသည် တစ်ဖက်သူကို အရင်လိုပုံစံမျိုးမဟုတ်ပဲ မိတ်ဆွေရင်းတစ်ယောက်လို သေချာပေါက်ဆက်ဆံပေးမိမည်ဖြစ်သည်။ အရင်ကတော့ သူသည် ရုံရှီနှင့်ပတ်သတ်ပီး အကျိုးအမြတ်ရရုံသပ်သပ်ဖြင့်ပတ်သတ်သည့်ဆက်ဆံရေးမျိုးဖြစ်ပီး တစ်ဖက်သူသည် သူ့မျက်လုံးထဲတွင်တောင် ထည့်မထားမိပေ။
ရုံရှီအတွက်ကတော့ ဝတ်စုံကော မိတ်ကပ်ကော ပြင်ဆင်ပီးသွားတာကြောင့် အကဲဖြတ်ဖို့အတွက် အချိန်ရောက်ပီဖြစ်သည်။
‘အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း’သည် ဟွားရှအင်တာတိန်းမန့်အတွက် ယခုနှစ်တွင် အကြီးဆုံးရင်းနှီးမြုပ်နှံထားသည့် အဓိကprojectတစ်ခုဖြစ်သည်။ ရိုက်ကူးမည့်ဒါရိုက်တာသည် နိုင်ငံထိပ်တန်းဝင်ဒါရိုက်တာကွမ်လုံ၊ ဇာတ်လိုက်မင်းသမီးသည် လူအကြိုက်များဆုံးမင်းသမီးဖြစ်သည့် တန်မုန့်လန်၊ နောက်ပီး ဇာတ်လိုက်မင်းသားက ပရိသတ်ပေါင်းမြောက်မြားစွာ၏တခဲနက်အားပေးခြင်းခံရသည့် လက်ရှိကျော်ကြားနေသော လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ ရိုက်ကူးရေးအတွက်ကိုပင် ရင်းနှီးမြုပ်နှံမှုသည် ဒေါ်လာသန်းသုံးနီးပါးရှိပီး ဝတ်စုံတွေအတွက်ကိုပင် သီးသန့်ရင်းနှီးမြုပ်နှံထားသည်က ဒေါ်လာသန်းတစ်ရာကျော်ရှိသည်။ ဒီရိုက်ကူးရေးကြီးသည် ကြီးကျယ်ခန်းနားပီးအသေးစိတ်ကအစဂရုတစိုက်ဆောင်ရွက်ထားသည့် ရိုက်ကူးရေးprojectကြီးတစ်ခုပင်ဖြစ်သည်။