အခန်း (၁၂.၂)
9K 1.7K 32
ပထမဆုံးရိုက်ကူးမည့်အခန်းကို အစကတော့ ဟန်ယန်ဟောက်နှင့်ကျန်းတုန်းတုန်းတို့၏အခန်းကို သတ်မှတ်ထားပေမယ့် ဟန်ယန်ဟောက်က အရမ်းကိုနောက်ကျမှလာပီး သူ့ကိုပြင်ဆင်ပေးဖို့အချိန်ကလည်း လိုအပ်သေးသည်။ ဒါရိုက်တာကျန်းသည် စဉ်းစားလိုက်ပီးတော့မှ တုန်းကျန်းကျန်းနှင့်ရုံရှီ၏အခန်းကို အရင်ရိုက်ဖို့ဆုံးဖြတ်လိုက်သည်။
အလင်းရောင်အပြည့်ဖြင့်ကျယ်ဝန်းသည့်စတူဒီယိုအလယ်မှာတော့ ကြီးကျယ်ခမ်းနားပီးအထက်တန်းဆန်သည့်ကပွဲရိုက်ကွင်းကို ပြင်ဆင်ထားသည်။
ညနေခင်းပွဲတက်ဝတ်စုံကိုဝတ်ဆင်ထားသည့်အမျိုးသမီးငယ်ေးလများသည် ဟိုတစ်စုဒီတစ်စုရှိနေကြပီး ဝိုင်ခွက်ကို ကိုယ်စီကိုင်ထားကြသည်ည။ သူတို့တွေသည် ဒီခေတ်အခါကအလှဆုံးပန်းလေးများအသွင်ရှိကြပီး စစ်အရာရှိလူငယ်တွေကြား ဟိုဟိုဒီဒီသွားလာနေကြသည်။ နောက်ခံအကတေးသွားကလည်း ဒီခမ်းနားကြီးကျယ်လှသည့်အကခန်းမှတွင်းတွင် ငြိမ့်ညောင်းစွာဖွင့်ထားပီး သာယာနာပျော်ဖွယ်ကောင်းသည့်ရယ်မောသံများ ကျက်သရေရှိစွာဖြင့်လှပသည့်အကများဖြင့် တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းပြောဆိုလျက်ရှိကြသည်။ အလွန်တရာမှတန်ဖိုးကြီးလှပီး အရာအားလုံးက တန်ဖိုးမဖြတ်နိုင်သလို တကယ့်ကိုရွှေရောင်တွေတောက်ပနေသည့်အလားပင်။
'Ambush'သည် ၁၉ရာစုကို အခြေခံထားပီး တရုတ်ပြည်၏မတည်ငြိမ်သေးသောနိုင်ငံရေးအခြေအနေကြားက သူလျိုတစ်ယောက်အကြောင်းကို ပုံဖော်ထားသည့်ဇာတ်လမ်းအမျိုးအစားဖြစ်သည်။
ဇာတ်လိုက် Bai Mingdeသည် ရုံရှီ၏မြေအောက်အဖွဲ့အစည်းအဖွဲ့ဝင်တစ်ယောက်ဖြစ်ပီး ထိုနေရာတွင်တော့ သူ့ရာထူးမှာ ဒုတိယအဆင့်အရာရှိဖြစ်သည်။ ထိုအချိန်က တရုတ်ပြည်၏စစ်ခေါင်းဆောင်များ ကွဲပြားနေပီး ခေါင်းဆောင်လေးယောက်ကတော့ တရုတ်ပြည်တစ်ခုလုံး၏၈၀%ကိုပိုင်ဆိုင်ထားသည်။ ထိုအထဲတွင်တော့ ပင်းမြို့၏Huoမိသားစုက ထိပ်တွင်ရှိပီး ကျန်မိသားစုသုံးခုလုံးကို အမုန့်ချေနိုင်လောက်သည့်အထိ အင်အားကြီးသည်။
Bai Mingdeသည် Huoမိသားစုစစ်တပ်တွင် အရာရှိတစ်ဦးဖြစ်သည်။ သတင်းအချက်အလက်တွေကိုပိုမိုရရှိလာစေရန်အတွက် သူသည် Huoမိသားစု၏သခင်လေးလဲဖြစ်သည့်ဗိုလ်ချုပ်ကြီးကို တော်လှန်ဖို့ အကြံရလာသည်။