အခန်း (၄၁.၂)
6.5K 1.5K 75
လူငယ်လေးကိုသာစိုက်ကြည့်နေကြသည့် လူတွေသည် တဖြည်းဖြည်းနှင့် အသိစိတ်ကပ်လာချိန်မှာပဲ စခရင်က မဲသွားပီး ဗီဒီယိုက ရုတ်တရပ်ပီးသွားပီဖြစ်သည်။
ဖန်တွေအကုန်လုံးသည် သူတို့၏ဖုန်းတွေ ကွန်ပျူတာတွေကိုသာ အကြောင်သာစိုက်ကြည့်နေကြသည်။ သူတို့သတိရသွားသည့်အချိန်မှာတော့ သူတို့တွေသည် "အလင်းမဲ့တိမ်တိုက်များ" ရိုက်ကူးရေးအဖွဲ့၏ တရားဝင်အကောင့်တွင် ကွန်မန့်တွေကို ချက်ချင်းပဲ အပြေးအလွှားသွားပေးကြတော့သည်။
【အမေးဇင်း! ချောလိုက်တာ! ဒီဇာတ်ကားက ကြည့်နေရင်းကို ငါ့သွေးတွေ ပွက်ပွက်ဆူလာသလိုပဲ ငါတို့ရဲ့ဂီတနတ်ဘုရားလေးက သေချာပေါက်ကို နွေးထွေးနူးညံ့ကြင်နာတတ်တဲ့သူလေးပါ အဲ့ဒါကို ဘယ်လိုလုပ်ပီး ငါ့သွေးတွေက ရုတ်တရပ်ကြီး ပွက်ပွက်ဆူလာတာလဲ? ဟုတ်တယ် ဒါက တစ်ကမ္ဘာလုံးကနေပိး သူ့နာမည်ကို အော်ခေါ်စေနိုင်ဖို့ပဲ! သူက လင်းရှောင်း လို့ခေါ်တယ် သူက လင်းရှောင်းပဲ!】
【ရုံရှီက အရမ်းချောတာပဲ ah ... ရုံရှီက လင်းရှောင်းပုံစံနဲ့မလိုက်ဘူးလို့ ငါအမြဲပြောနေပေမယ့် ဒီပုံစံလေးက အရမ်းကိုမှ ကြည့်ကောင်းတာပဲ ah! ပီးတော့ သူသီချင်းဆိုတဲ့အချိန်မှာ သူက လုံးဝကို သူ့နဂိုပုံစံကနေ ကွဲထွက်သွားတယ် သူသီချင်းဆိုနေတဲ့အချိန် ကြည့်နေရတာ သူက အရမ်းကိုတောက်ပနေပုံပဲ ... သူက ဘယ်လိုလုပ်ပီး ဒီလောက်တောင် ချောနိုင်ရတာလဲ face-conတစ်ယောက်အနေနဲ့ ငါတော့ စခရင်ကိုပဲ တိတ်တိတ်လေး ယှက်နေတော့မယ် _(:3∠)_】
【ခနနေပါဦး ဒါက Huo Xiအဖြစ် သရုပ်ဆောင်ထားတဲ့ @ရုံရှီ လား?! သူတို့ လုံးဝကို မတူဘူးကော! ငါ "Ambush"ကို သေသေချာချာကြီး ကြည့်ထားတာပါ ah ငါက ဦးနှောက်သိပ်မကောင်းတာမို့လို့ နင်တို့တွေ ငါ့ကို မလှည့်စားကြနဲ့နော် သူက တကယ်ပဲ Huo Xiလား? ဘယ်လို ... ဘယ်လိုလုပ်ပီး သူက ဒီလိုနွေးထွေးတတ်တဲ့သူ ရုတ်တရပ်ကြီးဖြစ်သွားတာလဲ!! ဒီလိုမျိုးနွေးထွေးကြင်နာတတ်တဲ့လူငယ်ချောချောလေးကို ငါတောင့်မခံနိုင်ဘူး သူက အရမ်းကို မချောလွန်းနေဘူးလား!】
【မြန်မြန်ထွက်လာပါတော့! ငါ လက်မှတ်သွားဝယ်ထားတော့မယ် ငါလက်မှတ်ဝယ်မှာကို ဘယ်သူမှ လာတားပိုင်ခွင့်မရှိဘူး!】