အခန်း (၅၀.၁)
6.7K 1.4K 79
အခန်း (၅၀) – သူက အရမ်းကောင်းတယ် သူ့ကို ခိုးသွားဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး!
Eng Translator: Vian
~~~~~~~~~~~~~~
သူ့အရင်ဘဝတွင် ရုံရှီသည်လည်းပဲ သူ့အိမ်တွင် သူအားသည့်အချိန်တွင် ရုပ်ရှင်ကြည့်ဖို့ရန်အတွက် အိမ်တွင်းရုပ်ရှင်ရုံလေးတစ်ခု လုပ်ထားသေးသည်။
ဒီလိုအိမ်တွင်းရုပ်ရှင်ရုံတွင်နောက်ဆုံးပေါ်ပစ္စည်းကိရိယာများဆင်ထားတာကြောင့် ရုပ်ရှင်ကြည့်သည့်အခါ ရုပ်ရှင်ရုံကြီးများနှင့် သိပ်ပီးကွာခြားချက်ရှိမည့်ပုံမပေါ်ပေ။ နောက်ပီး နေရာကျဉ်းကျဉ်းထဲမှာပဲဖြစ်တာကြောင့် ကြည့်သူအနေနှင့် ရုပ်ရှင်အပေါ် ပိုပီးအာရုံစိုက်နိုင်သည်။
ချင်းချန်ကနေပီး ရုပ်ရှင်သွားရွေးသည့်အခါ သူသည် သာမန်ကာလျှံကာဖြင့် မေးလိုက်သည် : "မင်း ဘယ်လို ဇာတ်ကားကြည့်ချင်လဲ?"
ဒီကမ္ဘာကို သူရောက်တာ တစ်နှစ်တောင်မပြည့်သေးပေ။ ရုံရှီအနေနှင့် ရုပ်ရှင်ဇာတ်ကားကော ဇာတ်လမ်းတွဲကော များများစားစားမကြည့်ဖူးသေးပင်။ ခဏလောက်တွေးလိုက်ပီး သူသည် တစ်စုံတစ်ယောက်ကို တွေးမိသွားကာ ပြောလိုက်သည် : "ကျွန်တော် "အလင်းမဲ့တိမ်တိုက်များ"ကိုရိုက်နေတုန်းက ရှမုယန်နဲ့ ကျွန်တော်နဲ့ တစ်ခန်းအတူတူတွဲရိုက်ရသေးတယ် အဲ့တုန်းက သူမအပေါ် ကျွန်တော်တော်တော်လေး အထင်ကြီးမိသွားတယ် ခင်ဗျားဆီမှာ ရှမုယန်ပါတဲ့ ဇာတ်ကားရှိလား?"
ချင်းချန်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ပီး : "သူမအပေါ် အထင်ကြီးမိသွားတယ်?"
ရုံရှီသည် အသာခေါင်းညိမ့်ပြလိုက်ပီး ရှင်းပြလိုက်သည် : "သူမသရုပ်ဆောင်စွမ်းရည်က တော်တော်လေးကောင်းပီး သူမရဲ့အကျင့်စရိုက်ကလည်း ပိုပီးတောင်ကောင်းတယ်လေ"
ရုံရှီပြောသွားသည့် ချီးကျူးစကားက အမှန်စစ်စစ်တော့မဟုတ်ပေ။ သူအကဲဖြတ်ကြည့်ရသလောက်ကတော့ ရှမုယန်၏သရုပ်ဆောင်စွမ်းရည်က သူမရထားသည့်ဆုတွေ နာမည်ကြီးမှုတွေနှင့်မဆိုင်ပေ။ သူမသရုပ်ဆောင်စွမ်းရည်က သံသယမရှိစွာပင် တကယ့်ကိုကောင်းမွန်ပေမယ့် ဒါက ယူစီယွီအဆင့်လောက်သာရှိပီး ဝမ်ရွှမ်ထက်တောင် ညံ့သေးသည်လေ။ ဒါပေမယ့် အခုလောလောဆယ်တွင် ရုံရှီက ဒီလောကထဲကို ဝင်ခါက လူသစ်လေးတစ်ယောက်သာဖြစ်သည်လေ။ အကယ်၍ သူ့ဖက်ကနေများ ဒီလိုသာပြောလိုက်လျှင် ဒါက တစ်ဖက်လူကို စော်ကားရုံတင်မကပဲ သူက အရမ်းကို ဘဝင်မြင့်အောက်ခြေလွတ်နေသည့်သူ ဖြစ်သွားမည်လေ။