အခန်း (၃၇.၁)
6.8K 1.5K 111
အခန်း (၃၇) – ငါ ဇာတ်ညွှန်းဆရာဆီ တိုက်လေယာဉ်တင်တဲ့သင်္ဘောတစ်စီးလုံး ပို့ချင်နေတယ်!!!
~~~~~~~~~~~~~~~~
"အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း"သည် ရှေးခေတ်အပြင်အဆင်သုံးထားသည့်အိုင်ဒေါဒရာမာမဟုတ်သလို အလွမ်းအဆွေးအချစ်တွေပြည့်နေသည့်အချစ်ကားလဲမဟုတ်ပေ။ ဒါက အင်အားချင်းယှဉ်ပြိုင်သည့်ဒရာမာဖြစ်သည်။
နန်းညီလာခံတွင်း မကောင်းကြံမှုတွေ၊ စစ်မြေပြင်ပေါ်က သူရဲကောင်းဆန်ဆန်တိုက်ပွဲတွေနှင့် လောကကြီးကို ဆန့်ကျင်အန်တုတာတွေနှင့်ပြည့်နေတာဖြစ်သည်။
ဒီဒရာမာစီးရီးကို စကြည့်ကတည်းကနေပီး တစ်တလျှောက်လုံး ဒီဒရာမာထဲတွင် လူမသေဘူးဆိုတာကိုတော့ မျှော်လင့်ထားတာမဟုတ်ပေ။ ဥပမာဆို အပိုင်း၉တွင် စစ်သူကြီးတစ်ယောက်က သေသွားသည်လေ။ သူက ရှောက်ရှန်း၏ယုံကြည်အားထားရသည့်သူတစ်ယောက်ဖြစ်ပီး တစ်ပိုင်း နှစ်ပိုင်းလောက်သာပါသည်လေ။
လူသေတယ်ဆိုတာက ပုံမှန်အကြောင်းအရာတစ်ခုဖြစ်ပီး အချိန်တန်ဖြစ်လာမှာပဲလေ။ နေ့တိုင်းတိုက်ခိုက်နေရမှတော့ လူမသေတာကမှ ပိုပီးထူးဆန်းနေမည်လေ။
ကဗျာတစ်ပုဒ်ရှိတာက : စစ်မြေပြင်ပေါ်မှာ စစ်သူကြီးပေါင်းရာထောင်မကသေပေမယ့် တကယ့်သူရဲကောင်းကတော့ နောက်၁၀နှစ်ကြာရင်တောင် ပြန်လာစမြဲပဲ။
ဒါက အာဏာတွေ အင်အားတွေပြိုင်ဆိုသည့်ဒရာမာဆိုမှတော့ လူတွေသေကြေကြမည်က သိသာလှသည်။ ဒီသေဆုံးမှုက ဗီလိန်ဇာတ်ကောင်ဖြစ်သည့် ဒုတိယဇာတ်လိုက်၏သေဆုံးမှုလဲပါဝင်ပီး ရန်သူသူလျိုဖြစ်သည့် ဒုတိယဇာတ်လိုက်မင်းသမီးလဲ အပါအဝင်ဖြစ်သည်။ အခုလောလောဆယ်အထိတော့ သူတို့ကကောင်းကောင်းမွန်မွန်ကြီး အသက်ရှိနေကြသေးပေမယ့် တစ်နေ့သူတို့သေသွားရင် ကြည့်ရှုသူတွေက အံ့သြမှာမဟုတ်ပဲ ထိုအစား ပျော်ရွင်စွာအော်ဟစ်လာကြမည်က : "နောက်ဆုံးတော့ သူတို့သေသွားပီ" လို့သာဖြစ်မည်။
ဒါပေမယ့် ထိုအထဲလုံးဝကိုမပါဝင်တာကတော့ ဝမ်ချီယောင်၏သေဆုံးမှုပင်!
【ယောင်ယောင်...သူလက်လျှော့လိုက်တယ်...ယောင်ယောင်...က လက်လျှော့လိုက်တယ်... ငါ မယုံဘူး!! QAQ!!!】