အခန်း (၇)
11K 1.7K 49
အခန်း (၇)
ဒီတစ်ခေါက် ယဲ့ချောင်ငိုကြွေးသည့်အခန်းကို ရိုက်ကူးသည့်အခါမှာတော့ ဒါရိုက်တာကွမ်ကျေနပ်သွားစေဖို့ ကိုးခေါက်ထက်မနည်း ရိုက်လိုက်ရသည်။
ဒီအခန်းသည် နောက်ဆုံးရိုက်ရမည့်အခန်းဖြစ်သည့်အတွက် ရုံရှီသရုပ်ဆောင်ရတာက မျက်လုံးကိုမှိတ်ထားပီး သေချင်ယောင်ဆောင်ယုံပဲဖြစ်သည်။ ဒါပေမယ့် ယဲ့ချောင်က သူငိုတဲ့အခါတိုင်း သူ့ကို အရမ်းကြီးတင်းတင်းကြပ်ကြပ်ကြီးဖက်ထားလေ့ရှိသည်။ ဒီလိုမျိုးနှလုံးတစ်ခုလုံးအောင့်လာသည်အထိ ပူဆွေးစွာငိုကြွေးနေရသည့်အတွက် ရုံရှီသည် ယဲ့ချောင်ကို နည်းနည်းတော့ သနားသွားပီး သူ့အစားခေါင်းတောင်ကိုက်လာသလိုပင်။
ထိုအခန်းရိုက်လို့ပီးသွားသည်နှင့် တန်မုန့်လန်၏လက်ထောက်သည် ရုံရှီရိုက်ကူးရေးအောင်အောင်မြင်မြင်နှင့်ပီးသွားသည့်အတွက် ပန်းသေနတ်ကို ပစ်ဖေါက်လိုက်သည်။
တန်မုန့်လန်သည် ရုံရှီကို အရမ်းဂရုစိုက်တယ်ဆိုတာ အမူအရာတွေကို ကြည့်ပီးသိနိုင်သည်။ ဒီတစ်လျှောက်လုံးမန်နေဂျာမရှိသေးသည့်ရုံရှီကို သူမက ဂရုစိုက်ပေးဖို့ကိုသတိတရထားတာကြောင့် ရုံရှီ စိတ်လှုပ်ရှားရသည်။ ဒီအမျိုးသမီး၏EQသည် ထင်ထားတာထက်ကို ပိုပီးမြင့်မားသည်။ ဒါက သူမ အသက်ငယ်ငယ်လေးနှင့် ဒီလိုနေရာအဆင့်မျိုးကို ရောက်လာနိုင်တာကို မီးမောင်းထိုးပြနေသလိုဖြစ်သည်။ နောက်ပီး ဒါရိုက်တာကွမ်မှလည်း သူမကို ‘အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်း’ရဲ့ နှစ်ယောက်မရှိသည့်ခေါင်းဆောင်မင်းသမီးအဖြစ် ကြေညာထားသည်လေ။ ဒါက သူမရုပ်ရည် သရုပ်ဆောင်နိုင်စွမ်းတို့ကိုပဲ အားကိုးပီး ဖြစ်လာနိုင်ဖို့ လုံးဝအကြောင်းမရှိပေ။
တန်မုန့်လန်ကိုကြည့်နေပီး သူနှင့်သိပ်မဝေးသည့်နေရာကနေ သူ့ကိုပြုံးပြနေသည့်တုန်ကျန်းကိုကြည့်လိုက်တော့ ရုံရှီ၏စိတ်ထဲတွင် ခံစားချက်တွေက လှိုင်းပြေပြေလေးထသလိုဖြစ်လာသည်။
အစကတော့ သူသရုပ်ဆောင်လောကကို ဝင်လာချင်သည့် သူ့၏အကြီးဆုံးရည်ရွယ်ချက်ကတော့ ပိုက်ဆံရှာနိုင်ပီး သူ့အိမ်ကနေထွက်လာနိုင်ကာ ဘဝကို သူလိုချင်သလိုရှင်သန်ဖို့ဖြစ်သည်။