အခန်း (၆၆.၂)
5.8K 1.1K 38
အခန်း (၆၆.၂) – တန်ဖိနှိပ်ခြင်း ~
................................................
ရှာဖွေမှုအများဆုံးစာရင်းထဲတွင်တော့ #တန်ယီဝမ်ဖိနှိမ်ခြင်း# က တတိယနေရာသို့ပင် ရောက်သွားသည်။
ဖြတ်လျှောက်အင်တာနက်ပြည်သူတွေအများကြီးကနေပီး ဒီအခြေအနေကို ပိုပီးသိလာတော့သည်။ အစပိုင်းကတော့ သူတို့တွေသည် အံ့သြရုံသာဖြစ်ပီး အနုပညာရှင်တွေက သူတို့နာမည်ပိုကြီးအောင် အခုလို သတင်းတွေလွှင့်တယ်ဆိုတာကို သိပ်မယုံချင်ကြပေ။ နောက်တော့မှ သူတို့တွေက အခြေအနေကို နားလည်သွားသည်။ သူတို့ရုတ်တရပ်သိလိုက်တာက : [ဟုတ်သား ငါတို့ကုမ္ပဏီကလည်း မီဒီယာတွေနဲ့ ခဏခဏဆက်သွယ်ပီး ကြေငြာချက်အသစ်တွေကို သတင်းထုတ်ပြန်နေကြပဲ နောက်ပီး အနုပညာရှင်တွေဖက်ကလည်း ဒီလိုလုပ်နိုင်တယ်လေ! ဒီတန်ယီဝမ်က အရမ်းအရှက်မဲ့တာပဲ သူ့နာမည်ကြီးဖို့ တစ်ခြားသူတွေကို တက်နင်းတာ သူ့လုပ်ရပ်က အရမ်းအဆင့်မရှိလိုက်တာ!]
တစ်ညလုံး တန်ယီဝမ်၏လူထုဆက်ဆံရေးအဖွဲ့ကနေပီး မနားမနေ လူတွေကို ဆက်သွယ်ပီး ပို့စ်တွေကို ဖျက်ပေးပီး ရှာဖွေမှုအများဆုံးစာရင်းထဲကနေ ကျသွားဖို့ မျှော်လင့်နေကြသည်။ ဒါပေမယ့် သူတို့မထင်ထားတာကတော့ ကြော်ငြာအကောင့်တစ်ခုတည်းကသာ သူတို့ပိုက်ဆံကို လက်ခံပီး ပို့စ်ကို ဖျက်ပေးဖို့ သဘောတူသည်လေ။ တစ်ခြားကြော်ငြာအကောင့်ကုမ္ပဏီတွေ တစ်ခုကမှ သူတို့ဖုန်းကိုတောင် ပြန်မဖြေကြပေ။ သူတို့ဆီပို့သည့် အီးမေးလ်ကိုတောင် တစ်ချက်လေးမကြည့်ပေးကြပေ။
တစ်နေ့နဲ့တစ်ညဆိုသည့်အချိန်က ဒီအခြေအနေကို ကြွတက်ပီး ပြန့်နှံ့သွားစေဖို့ လုံလောက်သည်လေ။ တကယ့်ကို အထင်နဲ့အမြင်တစ်လွဲစီ အဖြစ်ဆုံးအရာကတော့ မနေ့ရှေ့တစ်နေ့က တန်ယီဝမ်အသင်းကနေပီး ကိုယ့်ကိုယ်ကို ပြန်အမွမ်းတင်ကာ အဓိကသတင်းထုတ်ပြန်သည့်နေရာ၌ သတင်းစာဆောင်၃ခု ၄ခုလောက်ကို တင်ထားသေးသည်။ အခုတော့ ဒါတွေက သူတို့ကို ပြန်ဖိနှက်ဖို့ သက်သေတွေဖြစ်ကုန်ကာ အင်တာနက်ပြည်သူတွေက ဒါတွေဖြင့် သူတို့မျက်နှာတည့်တည့်ပြန်နှက်လိုက်ပီး ကဲ့ရဲ့လှောင်ပြောင်ကြတော့သည်။