အခန်း (၆၀.၁)
5.3K 1.2K 44
အခန်း (၆၀.၁) – မင်းစားဖို့အတွက် ခေါက်ဆွဲလုပ်ပေးမယ်
~~~~~~~~~~~~~~~~~~~~~~~
မီးဖိုခန်းတွင်းထဲတွင်တော့ နွေးထွေးသည့်အဝါရောင်မီးက ရွှေရောင်ချယ်မှုန်းထားသလိုပင်။ စဉ်းတီတုံးပေါ်က ဓားထက်ထက်ဖြင့် လှီးဖြတ်နေသည့်အသံက ဆက်တိုက်ထွက်နေသည်။
ရုံရှီသည် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို အများကြီးမသိသည့်အတွက် ဟင်းရွက်တွေကို မြန်မြန်ဆန်ဆန် မလှီးဖြတ်နိုင်ပေ။ သူ့လက်ရည်က ပြောရမည်ဆိုလျှင် သာမန်အဆင့်လောက်သာရှိပီး သူ့လက်ကို ဓားမထိအောင် ဂရုတစိုက်လုပ်နေရသည်။ သူ့ဆံပင်ရှည်တွေကို ချည်ထားပေမယ့် သူ့နဖူးပေါ်တွင်တော့ ချည်လို့မမှီသည့်ဆံပင်တစ်ချို့က ကျနေပီး သူ့လှုပ်ရှားမှုနှင့်အတူ ရှေ့နောက်လှုပ်ယမ်းနေကာ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။
ဒါပေမယ့် ထိုအခိုက်အတန့်မှာပဲ ဟင်းရွက်တွေအားလုံး လှီးဖြတ်ဆေးကြောပီဖြစ်ပီး ကြက်ဥနှစ်လုံးကိုလည်း မွှေခေါက်ထားသည်။ ကြွပ်ရွှလက်ဆက်သည့် ဟင်းရွက်တွေကို ဆီပူအိုးထဲသို့ ထည့်လိုက်သည်။
ရုံရှီသည် ခေါင်းကိုငုံ့ထားပီး အလေးအနက်လုပ်နေသည်။ အရမ်းကိုမှရိုးရှင်းသည့်ကိစ္စလေးတစ်ခုဖြစ်ပေမယ့် သူကတော့ အလေးအနက်ကို လုပ်ကိုင်နေသည်။
ချင်းချန်သည် ဘေးနားတွင်ရပ်နေပီး ခေါက်ဆွဲတွေကို ဂရုတစိုက်ထည့်နေသည့် လူငယ်လေးအား ကြည့်နေသည်။ သူ့အကြည့်တွေက ထိုလှပကျဉ်းမြောင်းသည့်ဇာမဏီလိုမျက်ဝန်းတွေ၊ သူ့နှာတံမြင့်မြင့်နှင့် နူးညံ့သည်နှုတ်ခမ်းလေးတွေ တစ်လျှောက်ဖြတ်သွားပီး နောက်ဆုံးမှာတော့ ဖြူဖွေးထင်ရှားသည့်ညှပ်ရိုး၌ အဆုံးသတ်သွားသည်။
ထိုအချိန်မှာပဲ ရုံရှီသည် ရုတ်တရပ်ခေါင်းကိုမော့လိုက်ပီး သူ့နဖူးပေါ်၌ဖြာကျနေသည့်ဆံပင်တွေကို အနောက်သို့သပ်လိုက်သည်။ ချင်းချန်ဖက်သို့လှည့်လိုက်ပီး ပြုံးကာမေးလိုက်သည်။ : "ခင်ဗျားရှာလကာရည်ထည့်စားလား?"
ဒီအခြေအနေကို ရုတ်တရပ်မတုံ့ပြန်နိုင်ဖြစ်သွားကာ ချင်းချန်သည် လျင်မြန်စွာအကြည့်လွှဲလိုက်ပီး အလိုလိုပြန်မေးလိုက်သည်။ "ရှာလကာရည်စားတယ်?"