အခန်း (၆၅.၂)
5.1K 1.1K 58
အခန်း (၆၅.၂) – မဖိနှိပ်ရရင် သက်တောင့်သက်သာမဖြစ်ဘူး
..................................................................................
အရမ်းကိုဒေါသတွေထွက်ကြရပေမယ့် ရုံရှီဖန်တွေက အစိမ်းသက်သက်တွေမဟုတ်ကြတော့ဘူးလေ။ သူတို့တွေက ဒီ တန်ဖိနှိပ် ဆိုတဲ့ နာမည်ကို သိနေတာကြာလှပီလေ။ သူတို့တွေလည်းသိထားသည်။ ဒီကြေညာချက်တွေနဲ့ပတ်သတ်ပီး ဖန်တွေဖက်ကနေပီး ဆူပူ ကဲ့ရဲ့နိုင်ရုံသာတက်နိုင်ပီး အများဆုံးကတော့ တန်ယီဝမ်ရဲ့ဖန်တွေနဲ့ ရန်ဖြစ်ရရုံသာရှိသည်။ သူတို့ဖက်ကနေပီး မည်မည်ရရဖြစ်အောင် ဘာမှလုပ်နိုင်တာမရှိဘူးလေ။
ဒီလိုထိတောင်ကြေညာရဲမှတော့ တန်ယီဝမ်ဖက်နေပီး ရေတပ်တွေနှင့် လူထုဆက်ဆံရေးစီမံမှုတွေကို ပြင်ဆင်ထားမှာ သေချာပေါက်ပင်။ တစ်ယောက်ယောက်ကနေ စပီး ဆဲလိုက်သည်ဆိုသည်နှင့် သူ့ဖက်ကနေ ချက်ချင်းကို ရှာဖွေမှုအများဆုံးစာရင်းကနေ ထွက်သွားလိုက်ပီး ဆဲဆိုခံရသည့်အခြေအနေကနေ လွတ်သွားအောင် နောက်ဆုတ်သွားမည်လေ။ ဖန်အသိုင်းအဝိုင်းတွင်းမှာပဲ ဒီအကြောင်းအရာက လည်ပတ်နေလျှင် ဖြတ်လျှောက်အင်တာနက်ပြည်သူအများစုက ဒီဖိနှိပ်သည့်သတင်းတွေအကြောင်းကို သူ့ဖက် ဖြန့်တာမှန်း သိကြတော့မည်မဟုတ်ပေ။
[ငါ့မှာဒေါသထွက်သေတော့မှာပဲ ဒီစိတ္တဇလိုလူမျိုးကိုကြိုက်တဲ့သူတွေအားလုံးက မျက်နှာကိုသာ ဂရုစိုက်တဲ့ဖန်တွေပဲ!]
ဖန်တွေကနေပီး မျိုးစုံသော ကဲ့ရဲ့ပြစ်တင်ပြောဆိုခြင်းတွေ ပြုလုပ်ကြသည်။
တကယ့်ဘဝတွင်တော့ ရုံရှီမှာ ဟွားရှအင်တာတိန်းမန့်ကို အခုလေးတင်မှရောက်သွားပီး ဒီကိစ္စနှင့်ပတ်သတ်ပီး လော့ကျန်းထောင်ပြောပြလာတာအား ကြားလိုက်ရသည်။
လော့ကျန်းထောင်သည်လည်းပဲ အရမ်းဒေါသထွက်နေပေမယ့် တည်တည်ငြိမ်ငြိမ်ပဲရှိနေသေးကာ : "ငါသိသားပဲ အဲ့ဒီ တန်ယီဝမ် ဆိုတဲ့တစ်ယောက် မင်းကိုအလွတ်ပေးမှာမဟုတ်ဘူးဆိုတာ ရှောင်ရှီ သူ့အသင်းတစ်ဖွဲ့လုံးက အဲ့ပုံစံအတိုင်းပဲ အင်တာနက်ပေါ်မှာ သူ့အဆင့်ကို မြင့်သထက်မြင့်အောင်လုပ်ပီး တစ်ချက်တည်းနဲ့ အမြင့်ကြီးရောက်အောင် ပင့်တင်ကြတယ်လေ တကယ်လို့မင်းအာရုံစိုက်တယ်ဆိုရင် ငါတို့ဖက်ကလည်း သတင်းတစ်ချို့လွှင့်ပီး သူ့ကိုဖိနှိပ်လို့ရတယ် ဒါပေမယ့် တစ်ခြားလူသစ်တွေကတော့ ဒါကိုကျင့်သားရနေကြပီလေ သူက တစ်ခြားလူကျော်ကြားမှုကို အငှားယူပီး သူ့အတွက် တကယ့်အကျိုးအမြတ်က အဲ့လောက်ကြီးလဲ မကျန်ဘူး ဒါက ငါတို့ကို သိပ်ပီးတော့ ထိခိုက်မှာမဟုတ်ဘူး ... ငါတို့စိတ်ကိုသာ သက်တောင့်သက်သာမဖြစ်စေတာပဲရှိတယ်"