အခန်း (၉၆.၁)

1.6K 300 24
                                    

ကားမောင်းပေးသည့်သူကတော့ ချင်းချန်၏လက်ထောက်ပဲဖြစ်သည်။ ချင်းချန်သည် ကားတံခါးကိုဖွင့်လိုက်ပြီးနောက် လူငယ်လေးကို ကားနောက်ဖက်ခုံတွင် ညှင်သာစွာ နေရာချပေးလိုက်သည်။ တစ်ဖက်ခြမ်းကနေသူတံခါးဖွင့်ကာ အထဲသို့ ငုံ့ဝင်နေတုန်းရှိသေး ရုတ်တရပ် ရပ်တန့်လိုက်ကာ အခုတော့နိုးနေပြီဖြစ်သည့် လူငယ်လေးအား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

လမ်းမီးမှိန်ပြပြက ချင်းချန်၏မပိတ်ထားသည့်ကားတံခါးကနေ အလင်းဝင်လာပြီး ရုံရှီ၏သိမ်မွေ့ပြီး မိတ်ကပ်ပါးပါးလိမ်းထားသည့်ပါးပေါ်သို့ ကျလာသည်။

ဘယ်လိုပဲဆိုဆို ခွက်အနည်းငယ်သောက်ထားမိသည့်အတွက် ရုံရှီ၏ပါးပြင်က အနီရိပ်ပြေးနေကာ မျက်လုံးများကလည် ရီဝေနေကာ အရက်မူးနေသည့်အရိပ်ယောင်ကိုတော့ ဖုံးကွယ်ထား၍မရပေ။

‌လော့ချန်သည် ရုတ်တရပ်ထပြောလိုက်သည်။ "ဟေး ရှောင်ရှီ နင်မူးနေတာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ရုတ်တရပ်..."

မတတ်သာစွာဖြင့် ရုံရှီသည် သူ့ခေါင်းကိုခါလိုက်ကာ ချင်းချန်ကို ကြည့်လိုက်ပြီးမှ အရှေ့ဖက်က ကားမောင်သူဘေးက ထိုင်ခုံကို ကြည့်လိုက်သည်။ သူလော့ချန်ကို ပြုံးပြလိုက်ပြီးပြောလိုက်သည်။ "အစ်မရေ တကယ်လို့ ကျွန်တော်သာ မူးချင်မယောင်ဆောင်ခဲ့ရင် မစ္စတာလျို့က ကျွန်တော့ကို ဘယ်လောက်တောင်ထပ်ပြီး အတင်းသောက်ခိုင်းနေမလဲ မသိဘူးလေ? ကျွန်တော်သေချာမြင်လိုက်တယ် သူ့နားမှာ ဖွင့်ထားပြီးသား ငါးပုလင်း ‌ခြောက်ပုလင်းလောက် ကျန်နေသေးတယ်"

ဒါကို ကြားသွားတော့ လော့ချန်မှာ တစ်ခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားသည်။ ခဏလောက်တုံ့ဆိုင်းပြီးသွားမှ သူမသည် အသက်ထွက်ရယ်လိုက်ကာ ပြောလိုက်သည်။ "ရှောင်ရှီ နင်တော်တော်ဆိုးတာပဲ"

ချင်းချန်သည် ကားအတွင်းသို့ဝင်လိုက်ပြီး လေးယောက်သား ဟိုတယ်သို့ ဦးတည်လိုက်သည်။

ချင်းချန်နှင့်မတူညီစွာ ရုံရှီသည် အသက်ပိုငယ်ပြီး အတွေ့အကြုံလည်း နည်းပေမယ့် ရိုက်ကူး‌ရေးအဖွဲ့သားတွေကြားထဲတွင်တော့ သူ့သတင်းက ကောင်းသတင်းတွေသာဖြစ်သည်။ ရလဒ်အနေနဲ့ကတော့ လူတွေအများကြီးက သူ့နားလာပြီး ခွက်တိုက်ကြတော့သည်။

စူပါစတားတစ္ေယာက္၏ဆႏၵ / စူပါစတားတစ်ယောက်၏ဆန္ဒWhere stories live. Discover now