အခန်း (၉၀.၃)
4.2K 845 43
အခန်း (၉၀.၃) – ပန်းထိုးသည်
~~~~~~~~~~~~~~~~~~~~
ဒီအမျိုးသား၏ပွေ့ဖက်ခြင်းကိုခံရတော့ ရုံရှီသည်သူ့နှာခေါင်းထဲ၌ သွေးတုအနံ့ရလာပေမယ့် သူ့နှုတ်ခမ်းထောင့်ကတော့ အလိုလိုပင့်သွားသည်။မပြောလိုက်ရသည့်စကားပေါင်းထောင်ချီက စကားတစ်ခွန်းတည်းဖြင့် အဆုံးသတ်သွားသည်။ :"မတွေ့တာကြာပြီ"
ဒါက သာမန်သူငယ်ချင်းကောင်းတွေကြား အရမ်းကိုသာမန်ကျသည့်နှုတ်ဆက်ပုံမျိုးနှင့်တူညီသည်။ ဖက်လိုက်တာက နည်းနည်းထူးဆန်းပေမယ့် ဝန်ထမ်းတွေက အများကြီးတော့လိုက်မတွေးပေ။
လောင်လျို့သည် အခြေအနေကို လျင်မြန်စွာသတိထားမိသွားသည်။သူရုံရှီကိုမြင်သည့်အခါ သူ့မျက်လုံးနှစ်လုံးက ရုတ်တရပ်လက်သွားပြီး သူသည်လျှောက်သွားလိုက်ကာ : "ရုံရှီ? လောင်ရှုက မင်းကိုချီးကျူးဖူးတယ် ငါကြားတာတော့ မင်းကမနေ့ကပဲ ရိုက်ကူးလို့ပြီးသွားတယ်ဆို အခုချက်ချင်း လူတွေ့စစ်ဆေးကြည့်ဖို့အတွက်မင်းအားကျန်သေးရဲ့လား? ဖြစ်ချင်တော့လည်း မိတ်ကပ်အဖွဲ့ကလည်း အချိန်ရှိပြီးမင်းကိုချက်ချင်းပြင်ဆင်ပေးနိုင်တယ်"
လောင်လျို့၏ပါးစပ်ကပွင့်သည်နှင့် တစ်ဖက်လူ၏ငြင်းဆိုမည့်စကားလမ်းကြောင်းကို တစ်ခါတည်းပိတ်ထားပြီးသားဖြစ်ကာ ရုံရှီမှာရယ်ရမလား ငိုရမလားတောင်မသိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် လောင်လျို့ကလည်းဒီကိုတောင်လျှောက်လာနေပြီးပြီဆိုမှတော့ ရုံရှီမှာ ချင်းချန်ကိုဆက်ပြီးဖက်ထားဖို့မဖြစ်တော့ပေ။ ဒါကြောင့် သူလွှတ်လိုက်ပြီး ရယ်လိုက်ကာ :"ဒါရိုက်တာရှုရှန်း?"
လောင်လျို့သည် အသံထွက်ရယ်လိုက်ပြီး : "မဆိုးဘူး ငါကြားတာကတော့မင်းနောက်ရိုက်မယ့်ကားကို မင်းက လောင်ရှုနဲ့အတူလက်တွဲမှာဆို ဒီနေ့လည်ခင်းကျရင်ငါသူ့ကိုဖုန်းခေါ်လိုက်မယ်"
ဒီစကားက ပေါ့ပေါ့ပါးပါးလေးပြောလိုက်တယ်ဆိုပေမယ့် လောင်လျို့ကရုံရှီ၏အသေးစိတ်အချက်အလက်တွေကို အရင်ကတည်းက ရှာဖွေကြည့်ထားပြီးပြီဆိုသည့်သဘောဖြစ်သည်။ သူသည် ရုံရှီ၏အလုပ်တွေကို တစ်ခါမှမကြည့်ဖူးပေ။ အမြင့်ဆုံးအာဏာအတွက်ယှဉ်ပြိုင်ခြင်းကိုကော Ambushကိုကော သူမကြည့်ဖူးပေ။ အလင်းမဲ့တိမ်တိုက်များကိုတော့ သူအစကတည်းက ကြည့်ချင်ပေမယ့် တစ်ခြားကိစ္စတွေကပေါ်လာခဲ့သည်။ နောက်တော့ ပန်းထိုးသည်အတွက် အကြိုပြင်ဆင်မှုတွေကြောင့် အလုပ်တွေပိုများသွာားကာ အချိန်ကပိုမရှိတော့တာဖြစ်သည်။