အခန်း (၄၃)
6.6K 1.5K 128
အခန်း (၄၃) – ငိုရသည့်အခန်း~
...........................................
English Translator: Vian
"အလင်းမဲ့တိမ်တိုက်များ"သည် လက်တွေ့ဘဝကို ပြန်လည်ကိုးကားပီး ရိုက်ကူးထားသည့် ဘဝဇာတ်ကြောင်းရုပ်ရှင်ဖြစ်သည်။ လက်တွေ့မှာဖြစ်ထားသည့် အသေးအမွှားအသေးစိတ်လေးတွေအထိ လိုက်ပီးတူညီအောင်လုပ်စရာမလိုပေမယ့် လက်တွေ့မှာဖြစ်ထားသည့်နောက်ခံအမှန်တရားကို မသွေဖယ်သ၍ အဆင်ပြေသည်လေ။ ဥပမာ အဓိကဇာတ်ကောင်တွေတိုင်းက အပြင်မှာတကယ်ရှိသည့်လူတွေဖြစ်ရမည်။ နောက်ထပ် ဥပမာတစ်ခုကတော့ လင်းရှောင်းအတွက် ကုမင်ရှိုး၏သေဆုံးသွားခြင်းက သူ့ဘဝအတွက် တဆစ်ချိုးသွားခဲ့ခြင်းဖြစ်သည်လေ။
သူ့လူငယ်ဘဝကနေပွဲဦးထွက်ပီးကတည်းက အသက်နှစ်ဆယ်ကျော်အရွယ်တွင် Golden Melody Awardကို ပထမဆုံးအကြိမ်ရခဲ့ပီး သူ့အသက်သုံးဆယ်ကျော်လာပီးနောက် အောင်မြင်မှုတွေ အသိအမှတ်ပြုမှုတွေခံရတာတွေက လင်းရှောင်းသည် တရုတ်၏ဂီတနတ်ဘုရားတစ်ပါးအဖြစ် ထိုက်ထိုက်တန်တန်ကို နာမည်ပေးခံထိုက်သည့်သူဖြစ်သည်။ ဒါပေမယ့် သူ့အသက်၃၆နှစ်တွင်တော့ သူ့၏အကောင်းဆုံးတွဲဖက်လဲဖြစ်သူ အကျော်ကြားဆုံးသီချင်းစာသားရေးစရာ ကုမင်ရှိုးက မတော်တဆမှုကြောင့် သေဆုံးသွားချိန် လင်းရှောင်းသည် အတော့်ကိုခက်ခဲသည့် အခြေအနေဖြင့် ခံစားခဲ့ရသည်။
ထိုအချိန်ကနေစပီး လင်းရှောင်းသည် သီချင်းခွေတစ်ခွေသာထပ်မံထွက်ရှိပီး concertကိုလဲ နှစ်ခေါက်သာလုပ်သွားသည်။ နောက်ငါးနှစ်ကြာသည့်အခါမှာတော့ လင်းရှောင်းသည် ရောဂါကြောင့် သေဆုံးသွားတော့သည်။
ဒီညနေရိုက်ကူးသည့်အခန်းသည် ရဲတွေကနေမှ ခန္တာကိုယ်အတည်ပြုရန်အတွက် အကြောင်းကြားတာကြောင့် လင်းရှောင်းကနေမှ ဆေးရုံသို့ရောက်လာသည့်အခန်းဖြစ်သည်။ ကုမင်ရှိုးမိဘများက အစောကြီးကတည်း မရှိတော့ပီဖြစ်ပီး သူ့တွင် ဆွေမျိုးသားချင်းလဲမရှိပေ။ အသက်၄၄နှစ်တိုင်အောင် လက်ထပ်ထားခြင်းလဲမရှိတာကြောင့် သူ့တွင် သားသမီးလဲမရှိပေ။ သူ့နှင့်အရင်းနှီးဆုံးနှင့် အခင်မင်ရဆုံးသူငယ်ချင်းက လင်းရှောင်းတစ်ယောက်တည်းသာရှိသည်။ ရဲတွေကနေပီး ကုမင်ရှိုးမှန်း အစောကြီးကတည်းက သိနှင့်ပီးသားဆိုပေမယ့် ခန္တာကိုယ်၏ဆွေမျိုးသားချင်း သို့မဟုတ် ရင်းနှီးသည့်သူငယ်ချင်းကို အသိပေးပီး အတည်ပြုခိုင်းရဦးမည်ဖြစ်သည်။ ဒါက လိုအပ်သည့် လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။