အခန်း (၇၇.၂)
5K 1.1K 135
အပိုင်း (၇၇.၂) – ချင်းချန် ကျွန်တော့်အခန်းမှာပဲ အိပ်လိုက်မလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သူမ'က ကသုတ်ကရိုက်နဲ့ ရုံရှီ၏ဖန်ခေါင်းဆောင်တွေထင်ထားသမျှ ဓာတ်ပုံတွေနှင့်ဗီဒီယိုတွေကို weiboမှာ ပြန်တင်နေသည်။ ပြန်တင်ထားသည့် weibo post တစ်ခုချင်းဆီက ရုံရှီကို ဘယ်လောက်တောင်ချစ်ကြောင်း ဖွင့်ဟဝန်ခံဖို့အပေါ်မှာသာ စိတ်နှစ်ထားတာဖြစ်ပီး ပို့စ်တိုင်းက အရူးအမူးကြိုက်နှစ်သက်သည့်ဖန်တစ်ယောက်ရဲ့ စံချိန်အတိုင်း ဖြစ်သည်။ အရင်က မြင်ထားခဲ့သည့် အထင်ကြီးလေးစားဖွယ်ရာကောင်းသည့် အေးစက်စက် လူချမ်းသာ မမလေးရဲ့ပုံရိပ်က တစ်ညထဲနဲ့ ပြိုကျသွားတော့သည်။
သို့ပေမယ့်လည်း ဒီလိုပုံရိပ်ပျောက်ဆုံးသွားလို့ ကြာစေ့အနှစ်နဲ့လိမ္မော်အစာသွပ်က ဖန်တွေမလျော့သွားသည့်အပြင် follower ထောင်ကျော် တကယ်ကြီးကိုထပ်တိုးသွားသည်။
[ပူပူပြင်းပြင်းကို ​လောင်မြိုက်နေပီး မျက်စိတစ်မှိတ်အတွင်းမှာပဲ အအေးစက်ဆုံးနဲ့ ဘက်မလိုက်တတ်တဲ့မမလေးတောင် ရုံရှီရဲ့မျက်နှာချောချောလေးရှေ့ရောက်ရင် ဦးညွှတ်သွားကြတော့တယ်~ ငါမရတော့ဘူး ရုံရုံရဲ့ မျက်နှာချောချောလေးကို သွားယှက်ချင်လာပီ ဒီညအိပ်ယာမဝင်ခင် သူ့ဓာတ်ပုံကို အခေါက်တစ်ရာ like ပေးရမယ် ဒါဆိုရင် ရုံရုံနဲ့အတူအိပ်ရတယ်ဆိုတဲ့ အိပ်မက်လေးကို ငါမက်နိုင်မှာ သေချာတယ် ~\(≧▽≦)/~ ]
[အထင်ကြီးလေးစားစရာကောင်းလွန်းတဲ့ရုံရုံ သင့်အလှတရားရှေ့မှာ ကျွန်ုပ်ဦးညွှတ်ပါတယ် _(:3」∠)_]
[တကယ်က ငါ​ပြောချင်နေတာရှိတယ် ကြာ​စေ့အနှစ်နဲ့လိမ္မော်အစာသွပ် ရှင်က ရှင့်အသည်းလေးကို အခုလေးတင် ဖွင့်ပြောခဲ့တာကို ရှင်မေ့များမေ့သွားတာလား? ဟဟဟဟ ရှင့်ရဲ့နတ်ဘုရား ဗိုလ်ချုပ်Huoကိုသာ ဖွင့်ပြောလိုက်ပါတော့ ငါတို့ရုံရုံရဲ့ဓာတ်ပုံလှလှလေးတွေမျိုးစုံအားလုံးကိုလည်း ပြန်တင်ထားတယ် လေးစားပါတယ်  အဲ့တော့ ရှင့်ကိုပေးလိုက်တယ်...... 32 likes~~~]
ဒီဖန်တွေ၏ကွန်မန့်က ဒီတိုင်းတင်လိုက်ကြတာဖြစ်ပီး ပြောရင်းဆိုရင်း စနောက်နေကြတာဖြစ်သည်။ ဒါပေမယ့် ကြာစေ့အနှစ်နဲ့လိမ္မော်အစာသွပ်က replyပြန်လာလိမ့်မယ်လို့တော့ သူတို့တွေ လုံးဝမထင်ထားမိကြဘူး!