အခန်း (၆၀.၂)
5.6K 1.2K 54
အခန်း (၆၀.၂) – မင်းစားဖို့အတွက် ခေါက်ဆွဲလုပ်ပေးမယ်
~~~~~~~~~~~~~~~~~~~~~~~
နှစ်ယောက်ကြား အကွာအဝေးက 10cmသာရှိပီး ပြင်းထန်သန်မာသည့်ယောက်ျားတစ်ယောက်အနံ့က သူ့နှာခေါင်းဝသို့ တိုးဝေ့လာသည်။ ရုံရှီသည် အနည်းငယ်မော့ကြည့်လိုက်ပီး အမျိုးသား၏မျက်လုံးထဲတွင် နက်မှောင်သည့်အရောင်ကိုသာ မြင်လိုက်နိုင်သည်။ ဇာတ်ကားဖန်တစ်ယောက် တစ်ခါက ပြောဖူးတာကတော့ ချင်းချန်၏အထင်ရှားဆုံးသောလက္ခဏာသွင်ပြင်က သူ့စိတ်နေသဘောထားဖြစ်ပီး သူ့ရဲ့အကောင်းဆုံးသော ကိုယ်ခန္တာအစိတ်အပိုင်းမှာ သူ့မျက်လုံးဖြစ်သည်ဟုပင်။ သူ့မျက်လုံးများသည် ဟွားရှကလူတွေလိုမျိုး အညိုဖျော့ရောင် ဒါမှမဟုတ် ပယင်းရောင်မျိုး မဟုတ်ပေ။ သူ့မျက်လုံးများက လုံးဝကို အနက်ရောင်သန့်သန့်ဖြစ်ပီး လူတွေကို နှစ်မြုပ်သွားစေနိုင်လောက်သည်အထိ နက်မှောင်သည်။
ရှုထောင့်တစ်ချို့ကနေတော့ သူ့အဘွားဖက်ကနေ အမွေဆက်ခံရရှိထားသည့် မိုးပြာရောင်အနည်းငယ်ကို တွေ့မြင်နိုင်သည်။
ကြည့်နေရင်း ရုံရှီသည် အလိုလိုနောက်ဆုတ်သွားပီး ရှောင်တိမ်းလိုက်ကာ သူ့နောက်ကျောက အခွေဘီဒိုနှင့်တောင် ထိကပ်တော့မတပ်ပင်။ ချင်းချန်သည် သူ့မျက်ခုံးကို ကျုံ့လိုက်ပီး လျင်မြန်စွာတုံ့ပြန်လိုက်ကာ လက်တစ်ဖက်က ရုံရှီနောက်ကျောသို့ရောက်သွားသည်။ ရလဒ်အနေဖြင့်ကတော့ သူ့လက်သည် ဘီဒိုနှင့်တိုက်မိသွားပီး အသံကျယ်ကြီးထွက်လာတော့သည်။
ရုံရှီသည် လျင်မြန်စွာအသိဝင်သွားပီးမေးလိုက်သည် : "ဘာဖြစ်သွားတာလဲ အခုခင်ဗျား ဘယ်နားကိုတိုက်မိသွားတာလဲ ခင်ဗျားအဆင်ပြေရဲ့လား?"
အမျိုးသား၏လက်ချောင်းတွေက ဖြောင့်တန်းသွယ်လျပီး အခုတော့ သူ့လက်ပေါ်တွင် အနီရောင်အမှတ်ကြီးရှိနေသည်။ အရေပြားကွဲသွားတာလဲမဖြစ်သလို သွေးထွက်တာမျိးလည်းမရှိပေ; အရှိန်ကြောင့်နီမြန်းသွားတာဖြစ်သည်။ ချင်းချန်သည် သူ့ခေါင်းကိုညင်သာစွာခါပြလိုက်ပီး : "ဘာမှမဖြစ်ဘူး မင်းဒီတစ်ကားကို ကြည့်မှာလား?"
ရုံရှီသည် စိတ်တည်ငြိမ်သွားသည်။ သူသည် တစ်ဖက်လူကိုမော့ကြည့်လိုက်ပီး မျက်လုံးများကွေးညွှတ်သည်အထိ ပြုံးပြလိုက်ကာ : "အင်း ဒီတစ်ကားကြည့်ရအောင်"