အခန်း (၁၄)
8.7K 1.6K 46
အခန်း (၁၄) - ရုံရှီက မျက်နှာကောလိုချင်သေးရဲ့လား?!
ဘာပဲဖြစ်ဖြစ်ပါ 'Ambush'၏၄ညမြောက်ရိုက်ကူးသည့်အခါမှာတော့ ရုံရှီသည် ဟန်ယန်ဟောက်နှင့်အတူတွဲပီးသရုပ်ဆောင်ရမည့် ပထမဆုံးအခန်းကိုရောက်လာပီဖြစ်သည်။
ပီးခဲ့သည့်၎ရက်လုံးတွင် ဟန်ယန်ဟောက်သည် ပထမတစ်ရက်၌ကာရိုက်တာပိုစတာကိုရိုက်ကူးပီးနောက်တစ်ခန်းမှရိုက်ခြင်းမရှိသေးပေ။ ဒုတိယနေ့နှင့်တတိယနေ့မှာတော့ သူသည် ကျန်းတုန်းတုန်းနှင့်ယိလန်တို့နှင့်ရိုက်သည်။ ဒါကြောင့် ၄ရက်မြောက်နေ့မှာတော့ ရိုက်ကူးရေးအဖွဲ့ကနေပီး Bai Mingde နှင့် Huo Xiတို့တွေ့ဆုံရမည့်အခန်းကို တရားဝင်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြသည်။
ဒီတွေ့ဆုံမှုကတော့ Bai Mingdeသည် သူ့တူလေးဆိုသူကို ကျောင်းမှသွားကြိုပီးနောက် တိုက်တိုက်ဆိုင်ဆိုင်ကို ကျောင်းဂိတ်ဝတွင် လျန်လင်းဟွေ့ကို ဝင်တိုက်မိပီးနောက် တစ်ချိန်တည်းမှာပဲ လျန်လင်းဟွေ့ကိုလာကြိုသည့်Huo Xiကို တွေ့ဆုံခွင့်ရသွားသည်လေ။
ဒီအခန်းကို ရိုက်ကူးဖို့အတွက် ရုပ်ရှင်မြို့တော်အတွင်းရှိ အနောက်တိုင်းစတိုင်အိမ်တွေနှင့် တရုတ်ရိုးရာအကြိုက်ပြင်ဆင်ထားသည့်အခန်းတွေ ဥယျာဉ်တွေပတ်လည်ဝိုင်းထားသည့်လမ်းတစ်ခုတွင် စီစဉ်ထားခြင်းဖြစ်သည်။ မြင့်မားလှသည့်စကျင်ကျောက်နံရံကြီးတွေ အဖြူနှင့်အနက်ကိုညီညီညာညာကပ်ထားသည့်ကြွေပြားများဖြင့် အလှဆင်ထားသောကြောင့် ရိုးရှင်းပီး မျက်စိပသာဒဖြစ်သော အရှေ့တိုင်းအလှနှင့် အနောက်တိုင်း၏သေသပ်သည့်အလှတို့က အပြီးပြည့်စုံဆုံးပူးတွဲပီးတည်ရှိသလိုပင်။
ဒီကမ္ဘာကတရုတ်ပြည်သည် ၂၀ရာစုအတွင်း၌ ကျူးကျော်တိုက်ခိုက်သည့်စစ်မက်ဖြစ်ပွားတာမျိုးမရှိပေမယ့် ၁၉ရာစုအတွင်းတွင်တော့ အနောက်တိုင်းနှင့် အနည်းငယ်ပဋိပက္ခအနည်းငယ်ဖြစ်ပွားတာတော့ ရှိသည်။ ထိုအချိန်ကစပိး တရုတ်ပြည်သည် အရှေ့တိုင်းယဉ်ကျေးမှုနှင့်အနောက်တိုင်းယဉ်ကျေးမှုတို့ကို စတင်ပူးတွဲကျင့်သုံးလာခြင်းဖြစ်သည်။ ပြင်ပကပဋိပက္ခက သိပ်မပြင်းထန်ပေမယ့် အတွင်းမှာဖြစ်နေသည့်ပဋိပက္ခကတော့ တော်တော်လေးပြင်းထန်ခဲ့သည်။