အခန်း (၉၅.၄)

3.9K 462 67
                                    

အခန်း (၉၅.၄) - ပန်းထိုးသည် ၊ ပြီးဆုံး
~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇာတ်ဝင်ခန်းက ဇာတ်ညွှန်းထဲတွင် တစ်ကြိမ်ပါဖူးသည်။ ဒါက ခုန်းချောင်၏အိမ်တော်သို့ ရှန့်ရှန်းကျွင်း ပြောင်းရွှေ့နေထိုင်ပြီးသည့်အချိန်လောက်တွင် ဖြစ်သည်။ တစ်ညမှာတော့ သူမက ခုန်းချောင်ကို သွားရှာချင်ပေမယ့် အိမ်တော်ထိန်းကနေမှ သူမအား ပြောလိုက်သည်။ : "အခုလောလောဆယ် သခင်ကြီးက အရေးကြီးဧည့်သည်တော်တစ်ယောက်ကို ဧည့်ခံတွေ့ဆုံနေပါတယ် ဒီညတော့ အဆင်မပြေပါဘူး" 

ရှန့်ရှန်းကျွင်း၏ရှုထောင့်ဖက်ကနေဖြင့် ဒီအရေးကြီးဧည့်သည်တော်ဆိုသူမှာ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ခုန်းချောင်သည် အိမ်ရှေ့စံမင်းသားအား အတော်လေး လေးစားကြောင်းကိုလည်း ကြည့်ရှုသူတွေက နားလည်သိရှိသွားမည်ဖြစ်သည်။ ထိုနေ့အစောပိုင်းမှာပဲ ခုန်းချောင်သည် အရှေ့ပိုင်းအုပ်ချုပ်ရေးအဖွဲ့က လူတွေနှင့် အနည်းငယ်ကတောက်ကဆဖြစ်ခဲ့သေးကာ ထိုအရေးကြောင့် ခုန်းချောင်ဖက်က ရှာဖွေမှုကို ဦးဆောင်မည့်အဆိုတင်ပြုလွှာကို အရှေ့ပိုင်းအုပ်ချုပ်ရေးအဖွဲ့ကနေမှ ခွင့်မပြုခဲ့ခြင်းသို့ ဦးတည်သွားတော့သည်။ ဒါကြောင့် ထိုညမှာပဲ အိမ်ရှေ့စံမင်းသားသည် ခုန်းချောင်၏အိမ်တော်ခြံဝင်းအတွင်းသို့ ကိုယ်တိုင်ရောက်လာခဲ့ပြီး အိမ်ရှေ့စံမင်းသားအမိန့်ကိုယ်စားပြုသည့်တံဆိပ်တော်ကို ခုန်းချောင်သို့ ပေးအပ်လိုက်သည်။ 

ဆက်တိုက်လိုပင် ခုန်းချောင်သည် ဒီတံဆိပ်တော်ကို အသုံးပြု၍ အရှေ့ဖက်အုပ်ချုပ်ရေးအဖွဲ့နှင့် သူ၏ တိုက်ခိုက်ခြင်းကို ဆက်လက်လုပ်ဆောင်လေသည်။ 

ဒီနဂိုမူရင်းဇာတ်ဝင်ခန်းက အရှေ့ပိုင်းအုပ်ချုပ်ရေးအဖွဲ့ကို ခုန်းချောင်တရားဝင်ဆန့်ကျင်ရန်အတွက် အကြောင်းပြချက် သက်သက်ရှာပေးလိုက်ခြင်းကသာ အဓိကဖြစ်ခဲ့သည်။ ဒါပေမယ့်အခုတော့ လောင်လျို့၏ရုတ်တရပ်စိတ်ကူးကြောင့် ကျူးမော့လန်နှင့်ခုန်းချောင်ကြားတို့က ခင်မင်ရင်းနှီးမှုကို ပုံဖော်ပေးသည့်ဖြစ်ရပ်တစ်ခုသို့ ဖြစ်လာစေခဲ့တော့သည်။ 

စူပါစတားတစ္ေယာက္၏ဆႏၵ / စူပါစတားတစ်ယောက်၏ဆန္ဒWhere stories live. Discover now