အခန်း (၆၄.၃)
5K 1.1K 52
အခန်း (၆၄.၃) – ကြာစေ့အနှစ်နဲ့လိမ္မော်အစာသွပ်: ငါမင်းကိုချစ်တယ် တကယ်ပါ ငါမင်းကိုချစ်တယ်
..................................................................................
"...... သူ့ကြည့်ရတာ ကြည့်ရတာ ငါ့ကိုစကားစမြည်ပြောနေသလိုပဲ?"
ရှုကျင်း : "...ငါနားကြားမမှားပါဘူးနော် အခုလေးတင် မင်းကိုကြည့်ရတာ အရမ်းကိုပုံမှန်ဆန်တဲ့စကားတွေပဲပြောနေတဲ့ပုံပါပဲ ဖီး မဟုတ်မှ မင်း ပြောထုတ်လို့မကောင်းတဲ့အကြောင်းတစ်ခုခုကို ပြောနေတာလား? ဘာလို့ ငါဘာမှမကြားလိုက်ရတာလဲ?"
ချင်းချန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပီး : "ငါအတွေးလွန်နေတာလား?"
ရှုကျင်းသည် လက်ကိုဖြန့်ပြလိုက်ပီး 'သိသာနေတာပဲမလား'ဆိုသည့်အကြည့်ကတော့ သူ့မျက်နှာထက်တွင်ရှိနေသည်။
ချင်းချန် : ".........."
နှာမှုတ်သံတစ်ချက်ဖြင့် ချင်းချန်သည် သူ့အေးဂျင့်အား စိုက်ကြည့်လိုက်ပီး တိတ်ဆိတ်စွာပဲပြောလိုက်သည် : "မင်းစိတ်ခံစားချက်အသိဉာဏ်က ဘယ်လောက်လဲ?" ထိုကဲ့သို့ပြောပီး ရှေ့သို့ ဆက်ပီးလျှောက်သွားလိုက်သည်။
ဒါက သေချာပေါက်ကို မေးခွန်းတစ်ခုဖြစ်ပေမယ့် နားလည်ရခက်စွာပဲ ရှုကျင်းနားထဲတွင် မကောင်းသည့်အဓိပ္ပါယ်ဖြင့်ပြောသွားတာကို ကြားလိုက်ရသည်။
သူ့မျက်လုံးများက ချက်ချင်းကိုပြူးကျယ်သွားသည်။ ရှုကျင်းသည် ထိုလူနောက်လျင်မြန်စွာလိုက်သွားလိုက်ပီး : "ဟေး ဟေး ရှင်းရှင်းလင်းလင်းပြော မင်းလို တစ်ကိုယ်တည်းသမားကများ ငါ့လို ချစ်သူရှိတဲ့သူရှေ့မှာ ငါ့ရဲ့စိတ်ခံစားချက်အသိဉာဏ်ကမမြင့်ဘူးလို့ ပြောရဲတယ်? မင်းနားလည်လား ငါ့မှာချစ်သူရှိတယ်! ငါ့ချစ်သူက ကျောက်စိမ်းပန်းပွင့်လေးပဲ ငါ့ချစ်သူက ထက်မြတ်ပီး အလုပ်လဲအရမ်းတော်တယ် ငါ့ချစ်သူက ငါ့တစ်လဝင်ငွေထက် ပိုပီးရှာနိုင်တယ် ငါ့ချစ်သူက ........."
"မင်းချစ်သူက မင်းထက်ပိုက်ဆံပိုရှာနိုင်တယ်?"
ရှုကျင်း : "........အဲ့ဒါကဘာဖြစ်လို့လဲ?"
ချင်းချန်သည် သူ့နှုတ်ခမ်းထောင့်ကို တိတ်တဆိတ်ပင့်လိုက်ပီး သူ့ခေါင်းအားခါယမ်းလိုက်ကာ အဓိပ္ပါယ်ပါပါဖြင့်ပြောလိုက်သည် : "မင်းထက်ပိုရှာနိုင်တယ် အား ........ အင်း ဘာမှမဟုတ်ဘူး"