အခန်း (၇၁.၂)
4.9K 1K 70
အခန်း (၇၁.၂) – အနုပညာလောကအသိုင်းအဝိုင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရုံရှီ အခန်းထဲက ထွက်လာသည်နှင့် လက်ထောက်လော့ချန်သည် ချက်ချင်းပဲ သူ့နားသို့လျှောက်လာကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ : "ဘယ်လိုလုပ်ပီး အဲ့ဒီ ရန်ရှုကျီက အဲ့လိုတွေပြုမူရဲရတာလဲ ရှောင်ရှီ သူမက ရှင့်ကို တကယ်ကြီးမြူစွယ်ဖို့ ကြိုးစားနေတယ်!" လော့ချန်က နည်းနည်းတော့အရိပ်အခြေနားလည်သည်။ ဒါကြောင့် ဘယ်သူမှမရှိတော့တဲ့အချိန်ထိ စောင့်ပီးတော့မှ ရုံရှီနားသို့ တိုးတိုးလေးပြောတာဖြစ်သည်။ : "သူမရင်ဘက်က ရှင့်လက်မောင်းပေါ် တွယ်ကပ်တော့မတတ်ပဲ ရှောင်ရှီ!"
ရုံရှီသည် ဒါရိုက်တာယွမ်ရှိရာသို့သာ တည်တည်ငြိမ်ငြိမ်လေးလျှောက်သွားပီး ဘာမှမဟုတ်သလိုမျိုးပြောလိုက်သည်။ : "အမြင်မှားတာနေမှာပါ သူမက ဇာတ်ညွှန်းနဲ့ပတ်သတ်ပီး ကျွန်တော့်ကို မေးဖို့ ရောက်လာယုံပါ"
လော့ချန်သည် ခဏလောက်တောင့်သွားပီးမှ ရုံရှီအားမော့ကြည့်လိုက်သည်။ ဒါပေမယ့် ရုံရှီကနေပီး သွားတွေပေါ်အောင် ပြုံးပြလာကာ သူမအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တာကိုသာ တွေ့လိုက်ရသည်။ လော့ချန်သည် ချက်ချင်းနားလည်သွားတာကြောင့် သက်ပြင်းကြီးချလိုက်ပီး ခပ်တိုးတိုးသာရေရွတ်လိုက်သည်။ : "အရင်က ကျွန်မကြားဖူးတာက ဒီ ရန်ရှုကျီက လုံးဝအထိန်းအကွပ်မရှိပဲ ရဲတင်းတဲ့တစ်ယောက်တဲ့ ရိုက်ကူးရေးအဖွဲ့ထဲက သရုပ်ဆောင်မင်းသားတွေနဲ့လည်း ခဏခဏအိပ်နေကြပဲတဲ့ ကံကောင်းတာက သူမက အဆိုတော်ဖြစ်နေပီး တီဗီရှိုးနည်းနည်းနဲ့ ဇာတ်ကားနဲနဲပဲ ရိုက်ထားလို့ မဟုတ်လို့ကတော့ သူမအတူအိပ်ဖူးတဲ့ ရုပ်ရှင်မင်းသားတွေ ဘယ်နှစ်ယောက်လောက်ရှိနေမလဲမသိဘူး"
ရုံရှီသည် အံ့အားသင့်သွားသည်။ ဒီလို ကောလဟာလမျိုး သူတစ်ခါမှမကြားဖူးတာကြောင့် စဉ်းစားလိုက်ပီးနောက် မေးလိုက်သည်။ : "ကျွန်တော်မှတ်မိတာမှန်တယ်ဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရန်ရှုကျီက တန်ယီဝမ်နဲ့လည်း အလုပ်အတူ တွဲလုပ်ဖူးသလားလို့?"
လော့ချန်သည် အနည်းငယ်ရှော့ခ်ရသွားပေမယ့် ရုတ်တရပ် အမှတ်ရသွားသည်။ : "ဟုတ်တယ် အရင်တုန်းက သူမနဲ့ တန်ဖိနှိပ်တို့ကြား ကောလဟလထွက်ဖူးတယ် အဲ့နှစ်တုန်းက သူတို့နှစ်ယောက် အိပ်ယာပေါ်ရောက်သွားဦးမှာပေါ့ ...... ဒီအသိုင်းအဝိုင်းထဲမှာ ကိုယ်လုပ်ချင်ရာကိုယ်လုပ်ပီး ဘာမှဂရုမစိုက်တဲ့လူတွေ တကယ်ပဲရှိတာပဲ ရုပ်ချောတာနဲ့ အတူအိပ်လိုက်ကြတာပဲလား?"