အခန်း (၄၂.၁)
6.6K 1.4K 26
အခန်း (၄၂) – ဟန်သမားအဖြစ် သရုပ်ဆောင်ပြတဲ့ မတော်တဆဖြစ်ရပ်!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
English Translator: Vian
~~~~~~~~~~~~~~~~~~~~
နွေဦးဝင်စ Sမြို့၏ မနက်စောစောသည် အနည်းငယ်တော့ အေးစိမ့်စိမ့်နိုင်သည်။
ရုံရှီ တံခါးကိုဖွင့်လိုက်ချိန် သူထင်ထားတာက ရောက်လာသူသည် လော့ကျန်းထောင်ဖြစ်မည်လို့ထင်ထားပေမယ့် ဒီလူဖြစ်နေမယ်လို့တော့ မထင်ထားမိပေ။ နောက်ပိး ချင်းချန်သည်လည်းပဲ လူငယ်လေးက သူ့ကို တံခါးလာဖွင့်ပေးချိန်တွင် အပေါ်ထပ်ဆွယ်တာအပါးလေးသာ ဝတ်ထားမည်လို့ မထင်ထားမိပေ။
အပြင်က လေစိမ်းများက တော်တော်လေးအေးတာကြောင့် ရုံရှီသည် ကိုယ်လေးကို အလိုလိုကျုံ့မိသွားသည်။ ချင်းချန်သည် ချက်ချင်းပဲ အခန်းထဲကို ခြေလှမ်းလိုက်ပီး အနောက်က တံခါးကိုပိတ်လိုက်ကာ ရုတ်တရပ် အခန်းထဲကို ဝင်လိုက်သည်။ နှစ်ယောက်လုံးသည် အံ့သြမိသွားပေမယ့် ရုံရှီသည် မြန်မြန်ပဲပြုံးလိုက်ကာ မေးလိုက်သည် : "အပြင်မှာနည်းနည်းအေးနေတယ် ခင်ဗျား ကျွန်တော့်ကိုလာရှာတာ ကိစ္စရှိလို့လား ချင်းချန်?"
မီးခိုးရင့်ရောင်ကုတ်က အမျိုးသား၏အရပ်ရှည်ရှည်ဖြောင့်မတ်သည့်ကိုယ်ကို အနားသတ်ပေးထားသလိုပင်။ ချင်းချန်သည် သူ့ရှေ့ကလူငယ်လေးကို မျက်လွှာချကာကြည့်လိုက်ပီး ရုံရှီကတော့ သူ့အား အပြုံးလေးဖြင့် မော့ကြည့်နေသည်။ ထိုလူ၏အကြည့်များက နက်မှောင်သထက်မှောင်သွားပီး သူ၏နက်ရှိုင်းသည့်မှင်နက်ရောင်မျက်ဝန်းများသည် ချက်ချင်းကိုအလွန်နက်မှောင်သည့်အရောင်သို့ ပြောင်းသွားတော့သည်။ တော်တော်ကြာသွားမှ ချင်းချန်သည် အသံနိမ့်နိမ့်ဖြင့် ပြောလာသည် : "မနေ့ညက မင်းကို ကိုယ်ပြောခဲ့တဲ့ကိစ္စ ဘယ်သူလုပ်လဲဆိုတာ ကိုယ်ရှာတွေ့သွားပီ"
ရုံရှီ၏မျက်ဝန်းများက အနည်းငယ်ပြူးကျယ်သွားပီး နောက်စက္ကန့်အနည်းငယ်ကြာသွားချိန်မှာတော့ သူသည်ပြုံးလိုက်ပီး : "ခင်ဗျားရှာတွေ့သွားပီလား? ဒီကိစ္စအတွက်နဲ့ ခင်ဗျားကို အနှောင့်အယှက်ဖြစ်သွားစေတာ ကျွန်တော်တောင်းပန်ပါတယ်"