2 (Unicode)

43.8K 2.6K 92
                                    

သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း (၂)
~~~~~~~~~~~~~~~~~~~~~~~~~
"ကျုပ်ကို မသိရအောင် ခင်ဗျား ဘယ်ရာစုမှာ သွားသေနေလို့လဲ"

"ဘာ"

"သခင်၊ ခေါင်ရန်းလေး"

မာမာထန်ထန်နှင့်အထက်စီးဆန်လှသော စကားကြောင့် ခေါင်ရန်း မျက်နှာလေးပင် ရဲလာသည်အထိ ဒေါသထွက်ကာ ပြောဖို့ပြင်လိုက်ပေမဲ့လည်း အပေါ်ထပ်ကနေ အသံပြုရင်းဆင်းလာသည့် ကြီးကြီးမြတ်ကြောင့် ဒေါသကိုလျော့ချလိုက်ရသည်။

"သခင် စကားကိုဘယ်လို‌တွေ‌ပြောနေတာလဲ၊ ကြီးကြီးမကြိုက်ဘူးနော်"

သူ့ကိုဟန့်လိုက်သည့် ကြီးကြီးစကားကြောင့် လက်ရုံးပိုလို့ပင် မကျေနပ်စွာနှင့် ထိုက‌လေးလူကြီးကို ဘုကြည့်ကြည့်ကြည့်လိုက်၏။ ထိုလူကလည်း သူ့နည်းတူပင်။

"မင်း လာရင်းကိစ္စပြီးပြီ မဟုတ်လား၊ ပြန်တော့ သခင်"

ဆူပူသည့်အပြင် သူတစ်ပါးရှေ့မှာပင် သူ့ကိုနှင်ထုတ်လိုက်သည့် ကြီးကြီး‌ကြောင့် လက်ရုံးဆူပုတ်ကာ အထွန့်တက်ချင်ပေမဲ့လည်း ကိုယ့်အဒေါ်အကြောင်းသိသည်မို့

"ညကျရင် ဆက်ဆက်လာခဲ့နော် ကြီးကြီး"

"အေး ပြန်တော့၊ သား ခေါင်ရန်းလေး အိမ်ထဲဝင်လေ"

သူ့ကိုကျတော့ မာမာထန်ထန်နဲ့ပြောကာ ဟိုက‌လေးလူကြီးကိုတော့ချက်ချင်း ညင်ညင်သာသာနဲ့မို့ လက်ရုံးပိုစိတ်တိုကာ ထိုင်နေရာက ထလိုက်၏။ အိမ်ထဲက ထွက်ကာနီး တံခါးဝတွင် ရပ်နေဆဲ ထိုလူကြောင့် တပ်ထားသည့် နေကာ မျက်မှန်ကိုချွတ်လိုက်ကာ သေချာစိုက်ကြည့်လိုက်၏။

ပါးစပ်က ထုတ်မပြောသော်လည်း အကြည့်တွေက အားပြိုင်နေကြသည်။ ဒါကို သိသည့် ကြီးကြီးကပဲ သူ့ကိုယ်ကြီးကို တွန်းလွှတ်ကာ

"သွားပါ သခင်ရယ်၊ ညကျရင် ကြီးကြီးဆက်ဆက်လာခဲ့ပါမယ်။ သွားတော့"

ပေစောင်းစောင်းဖြင့် ဖုန်းဆက်ရင်း ထွက်သွားသည့် တူတော်မောင်ကိုကြည့်ကာ ဒေါ်မြတ်ကေသီ သက်ပြင်းချလိုက်ရင်း ဒေါသအရှိန်မသေသေးသည့် ရှေ့က ခေါင်ရန်းလေးလက်ကိုဆွဲကာ အိမ်ထဲကိုခေါ်လာလိုက်သည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Dove le storie prendono vita. Scoprilo ora