43 (Uni)

20.8K 1.2K 18
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၃)
~~~~~~~~~~~~~~~~~~~~~~~~~
"ဘာတွေလဲ၊ အများကြီးပဲ"

ခေါင်ရန်းအရှေ့ရှိစားပွဲပေါ်  မောင်တင်လိုက်သည့် အထုပ်နှစ်ထုပ်ကိုမေးငေါ့ရင်းမေးလိုက်၏။ မောင်ကတော့ Mask နှင့် ဦးထုပ်ကိုချွတ်ပြီး ခေါင်ရန်းဘေးတွင်ခြေပစ်လက်ပစ်ထိုင်ကာ

"မုန့်တွေလေ..ပေါင်ပေါင်းစားဖို့"

"ဟမ် ဒီလောက်အများကြီး၊ ဘာတွေလျှောက်ဝယ်လာတာလဲ"

ခေါင်ရန်း ပါးစပ်ကလည်းပြောကာ ကိုင်ထားသည့် Remote ကိုဘေးချကာ အိတ်ထုပ်ကိုဖွင့်လိုက်၏။

"အာလူးကြော်တွေချည်းပဲ"

"ဟုတ်တယ်၊ အချဉ်ထုပ်နှစ်ထုပ်ပါသေးတယ်။ ဖရုံစေ့ရော..ဟိုဘက်အိတ်က သစ်သီးဖျော်ရည်တွေ"

"မောင် မင်းဘာလို့အဲ့လောက်အများကြီးလျှောက်ဝယ်လာတာလဲ"

"TV ကြည့်ရင်း ပေါင်ပေါင်းစားရအောင်လေ"

"မင်းဟာက နည်းနည်းနောနောမှမဟုတ်တာ ငါဘယ်‌လိုလုပ်ကုန်မလဲ၊ Snacks တွေဒီလောက်အများကြီးစားရအောင် ငါ့ကို ကလေးမှတ်နေလား"

"ဒါပေါ့ မောင့်ကလေးလေးပဲ ဥစ္စာ..ရွှတ်"

မကြာခဏဆိုသလို လာလာနမ်းတတ်သည့် မောင့်ကို ဒီတစ်ခါတော့ ခေါင်ရန်းဘာမှမပြောမိတော့။ မောင့်အပြုအမူတွေကြားထဲ နေသားကျနေတာကြောင့်ရော နှစ်ယောက်ထဲမို့ လွတ်လွတ်လပ်လပ်နေပါစေဆိုပြီးသာ ထားလိုက်တော့သည်။

"မင်း အင်္ကျီသွားမလဲဘူးလား"

"မလဲတော့ဘူး၊ ဒါပဲချွတ်လိုက်မယ်"

အထုပ်ထဲက အိမ်ကြော်အာလူးကြော်တစ်ထုပ်ကိုယူကာ ခုံပေါ်နေရာတကျပြန်ထိုင်ရင်း မေးလိုက်သည့် ခေါင်ရန်းအမေးကို မောင်က သူ့အပေါ်ထပ်အင်္ကျီကိုချွတ်ရင်းပြန်ဖြေ၏။

ခေါင်ရန်း အာလူးကြော်ထုပ်ကို လက်ဖြင့်ဆွဲကာဖောက်နေပေမဲ့မရ။ အိတ်ထဲက ဆီတချို့ကအပြင်သို့အနည်းငယ်ထွက်နေတာမလို့ ချောနေသည်။ ထို့ကြောင့် သွားဖြင့်ကိုက်ဖောက်ရန်ရွယ်လိုက်ပေမဲ့ မုန့်ထုပ်က မောင့်လက်ထဲရောက်သွား၏။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now