9 (Unicode)

21.7K 1.5K 28
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၉)
~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က

"ခေါင်ရန်း စောင့်နေရတာ ကြာသွားပြီလား"

ခေါင်ရန်းကျောင်းဝန်းထဲရှိ ကံ့ကော်ပင်အောက်က ခုံတန်းလေးမှာ စာအုပ်ဖတ်ရင်းထိုင်နေတုန်း ယဉ်ပါးနေပြီဖြစ်သည့် အမွေးရနံ့လေးနဲ့အတူ ကြည်လင်သော အသံလေးကြောင့် ပြုံးလိုက်ကာ

"မကြာသေးပါဘူး ကိုရဲ့၊ စာအုပ်တစ်အုပ်ပြီးလုနီးပါးပါပဲ"

ခေါင်ရန်း ခပ်ဟဟရယ်လိုက်ရင်း စာအုပ်လေး ပိတ်ကာ ပြောလိုက်တော့ ကိုက ဘေးနားတွင်ထိုင်ကာ

"ဟာ ခေါင်ရန်းကလည်းကွာ၊ ကိုယ့်ကိုရွဲ့နေတာလား၊ Sorry ကွာ အိမ်မှာ မေမေတစ်ယောက်ထဲကျန်ခဲ့တာမို့ ကိုယ်..."

"တော်ပါတော့ ကိုရာ၊ ကျွန်တော်နားလည်ပါတယ်"

ခေါင်ရန်း ချစ်ရသူ၏စကားကိုဖြတ်ပြောလိုက်၏။ တမင်ရွဲ့တာလည်း မဟုတ်ရပါ၊ ခေါင်ရန်းမှာလည်း ကျန်းမာရေးသိပ်မကောင်းသည့်‌မေမေရှိတာမို့ ကို့ကို နားလည်သည်။

"ခဏနေ အတန်းတက်ရတော့မယ်၊ ကို ဘာစားပြီးပြီလဲ"

"ကိုယ်က စားခဲ့ပြီးပြီ၊ ခေါင်ရန်း မစားရသေးဘူးလား"

"ဟင်...ကျွန်တော်လား၊ ကျွန်တော်က စားပြီးပြီ"

"ဒါဆို အတန်းသွားတက်ကြမယ်လေ"

"ဟုတ်"

ခေါင်ရန်း အရှေ့ကလျှောက်နေသည့် ချစ်ရသူရဲ့နောက်ကျောကို ငေးနေမိသည်။ ငေးရလောက်အောင် ကိုက အမြဲတမ်းသန့်ပြန့်ကာတည်တည်ကြည်ကြည်ဖြစ်နေတတ်တာလေ။

ကော်လံကတုံးအဖြူနှင့် ယောလုံးချည်ရောင်စုံကိုသာ တွဲဖက်ဝတ်ဆင်တတ်သည့် ကိုသည် မိန်းကလေးတော်တော်များများ၏ အာရုံကို ဖမ်းစားနိုင်သည်။ မိန်းကလေးတစ်ယောက်မဟုတ်ပေမဲ့ ကို့ဆီတွင် ပျော်ဝင်မိသည့်အထဲမှာ ခေါင်ရန်းပါပါခဲ့၏။

ခေါင်ရန်း ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ကိုယ်သတိထားမိတာ ဆယ်တန်းပြီးခါစကပင်။ အရမ်းသိသိသာသာကြီးမဟုတ်ပေမဲ့ မိန်းကလေးထက်စာရင် ယောကျာ်းလေးတွေကို ပိုပြီး စိတ်ဝင်စားမိရာမှ စသည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now