50 Uni

19.9K 1K 24
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၅၀)
~~~~~~~~~~~~~~~~~~~~~~~~~
"ပေါင်ပေါင်း ဒီမှာ"

ကားထဲဝင်ထိုင်လိုက်သည်နှင့် ပေါင်ပေါ်ရောက်လာသည့် မုန့်ထုပ်ကြီးကြောင့် ခေါင်ရန်း မျက်လုံးပြူးသွားရသည်။ ဟိုတစ်ခေါက်ကိစ္စဖြစ်ပြီးကတည်းက မောင်က ခေါင်ရန်းအတွက် Snacks တွေကို ကားပေါ်မှာ အခုလို အဆင်သင့်ထားပေးတတ်သည်လေ။ အဲ့တုန်းက မုန့်သွားဝယ်ရင်းဖြစ်တာမဟုတ်လား။

ဒါပေမဲ့ အခုဟာက နည်းနည်းနောနောအထုပ်ကြီးမှမဟုတ်တာ။ ခရီးဝေးသွားရမှာမလို့ပိုဝယ်ခဲ့တာလားမသိ။

"မောင် မင်းဟာက အများကြီးပဲ"

"ဘာဖြစ်လဲ များလည်းကုန်မှာပဲ။ မောင်လည်းကူစားမှာပေါ့"

"မင်းဟာလေ ပိုက်ဆံတအားဖြုန်းတာပဲ"

"ဟောဗျာ၊ Snacks လေးဝယ်မိရုံနဲ့ TKလုပ်ငန်းစုပိုင်ရှင်ကြီးကမွဲရမယ်တဲ့ဗျာ ပေါင်ပေါင်းရယ် ကျော်မကောင်းကြားမကောင်း"

"တစ်နေ့ထဲဝယ်တာမှမဟုတ်တာ၊ မင်းကနေ့တိုင်းနည်းနည်းလေးလျော့တာနဲ့ဝယ်ထည့် ဝယ်ထည့်နဲ့ မင်းကားက ကြာရင် မုန့်ဆိုင်ဖြစ်တော့မယ်"

"ဟုတ်တယ်လေ မုန့်ဆိုင်ပဲလေ၊ ပေါင်ပေါင်းတစ်ယောက်ထဲအတွက် မုန့်ဆိုင်ပေါ့။ အသစ်စားချင်တာရှိရင်ပြောထားဦး၊ မောင်ဝယ်ထားရအောင်"

"တော်ပါတော့ကွာ။ ကျန်တဲ့သူတွေရောမလာသေးဘူးလား"

"ရောက်နေပြီလေ အနောက်မှာ"

တစ်ချိန်လုံးလျစ်လျူရှုခြင်းခံထားရပြီး  အခုမှ သူတို့ကိုသတိရတာမလို့ အနောက်က သုံးယောက်က ဘုကြည့်ကြည့်နေ၏။ ခေါင်ရန်းမှာအားတုံ့အားနာဖြစ်သွားရပြီး လက်ထဲက မုန့်ထုပ်ကြီးကိုမြှောက်လိုက်ရင်း

"စားကြဦးမလား"

"ပေါင်ပေါင်းက ဘာလို့လိုက်ကျွေးနေတာလဲ။ မောင်က ပေါင်ပေါင်းအတွက်ဝယ်ထားတာကို"

ဆူပုတ်ပုတ်ဖြင့်ထပြောလာသည့် မောင့်ကြောင့် ခေါင်ရန်းအကြည့်ဖြင့်လှမ်းဆူလိုက်၏။ ဘေးလူတွေရှိတာမလို့ နှုတ်ကတော့ မဆူဖြစ်ခဲ့။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now