"မောင်အရင်ရေချိုးနှင့်မယ်"
ကားပေါ်ကဆင်းတာနှင့် တစ်ခါတည်းတန်းပြောလာသည့် မောင်က လေဝင်စေရင် အင်္ကျီရင်ဘတ်ကို တဖျပ်ဖျပ်လှုပ်ခါကာ အတော်ပူနေပုံရသည်။
ညနေစောင်းပင် ဖြစ်လင့်ကစား အပူရှိန်ကမလျော့။ မနက်အလုပ်သွားထဲက မောင့်ကားအဲကွန်းပျက်နေတာဖြစ်သည်။ နှစ်ယောက်လုံးအလုပ်နောက်ကျနေတာနဲ့ ကားမလဲတော့ဘဲ မြန်မြန်ထွက်လာခဲ့ကြတာ။ ရွှေပေါ်မြတင် သူဌေးသားလေးမောင်က အပူဒဏ်လုံးဝမခံနိုင်ပေ။ အအေးကလည်းကြိုက်မှကြိုက်။
ဒါကြတော့ ခေါင်ရန်းနှင့်မောင်က ဆန့်ကျင်ဘက်ဖြစ်သွား၏။ ခေါင်ရန်းက အအေးမကြိုက်သူပင်။ ထို့ကြောင့် ရည်းစားဘဝထဲက မောင်နဲ့အပြင်သွားတိုင်း အဲကွန်းကို အနေတော်သာဖွင့်ထားပြီး ကားထဲအအေးဓာတ်လေးရလာပြီဆိုရင် ခေါင်ရန်းကိုငဲ့ပြီး မောင်ကပြန်ပိတ်သည်။
"ချက်ချင်းမချိုးနဲ့ ခဏနားပြီးမှချိုး"
"ပေါင်ပေါင်းကလည်း မောင်ပူနေပြီကို"
"မရဘူး၊ ကျန်းမာရေးအတွက်ပြောနေတာ ခဏလေးစောင့်ရတာဘာဖြစ်လို့လဲ"
"ပေါင်ပေါင်းကလည်း..မောင်က..."
"သား"
ခေါ်သံနှင့်အတူ အနားရောက်လာသည့် မောင့်မာမီကြောင့် ခေါင်ရန်းရော မောင်ပါ လှမ်းကြည့်လိုက်၏။ ခေါင်ရန်းတို့ရှိရာဆီလျှောက်လာသည်မှာ အန်တီတစ်ယောက်ထဲမဟုတ်၊ ဘေးတွင်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ပါပါသည်။
"မာမီ.."
"သားတို့ဒီနေ့ပြန်လာတာ နောက်ကျလိုက်တာ"
"ဟုတ်တယ် မာမီ၊ သားအရေးတကြီးအလုပ်ပေါ်လာတာနဲ့ ပေါင်ပေါင်းကိုသွားကြိုတာနောက်ကျသွားတာ"
"ဪ..ဒါနဲ့ သားတို့ကိုမိတ်ဆက်ပေးရဦးမယ်၊ ဒါက ဥမ္မာတင်တဲ့..ဒီနေ့ကစပြီးအိမ်မှာနေလိမ့်မယ်"
ယောကျာ်းသားနှစ်ယောက်ရှိတဲ့ အိမ်ဖြစ်တာအပြင် ဆွေမျိုးနီးစပ်လည်းမဟုတ်တဲ့ အမျိုးသမီးတစ်ဦးကို အိမ်ပေါ်ခေါ်ထားမယ်ဆိုတာမလို့ လက်ရုံး မျက်ခုံးတွေတွန့်ချိုးလိုက်၏။ ဘယ်သူစိမ်းကိုမှ မယုံကြည်ရဲတဲ့စိတ်အခံကလည်း သူ့တွင်ဖြစ်တည်လာခဲ့တာကြာပြီလေ။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)