28 (Unicode)

19K 1.3K 22
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၂၈)
~~~~~~~~~~~~~~~~~~~~~~~~
ကားတံခါးကိုပိတ်လိုက်ရင်း အရင်အတိုင်းထည်ဝါစွာရှိနေသည့် အိမ်ကြီးကို ကြည့်ရင်း သခင် သက်ပြင်းချလိုက်၏။

သူ အိမ်မပြန်ဖြစ်ခဲ့တာ တစ်နှစ်ပြည့်တော့မည်။ အဘွားဆုံးပြီးနောက်ပိုင်းထဲက မပြန်ဖြစ်တော့တာပင်။ ကြီးကြီးအိမ်ကထွက်လာတုန်းကလည်း မာမီက အိမ်ပြန်လာခိုင်းပေမဲ့ သူမပြန်ဘဲ တိုက်ခန်းမှာပဲနေခဲ့သည်က အခုထိ။

အခုတောင် မဖြစ်မနေ ကိစ္စကြောင့် ဒီအိမ်သို့ပြန်ခြေချခြင်းပင်။

လူလေးယောက်ပဲရှိသည့် အိမ်က အရင်ကတည်းက စိုစိုပြေပြေမရှိပေမဲ့ အခုတော့ ပိုခြောက်ကပ်နေလေသည်။ ခြောက်ကပ်တယ်ဆိုမှ အဘွားကလည်းဆုံး၊ သူကလည်း အိမ်မပြန်။ ဒါ့အပြင် လေးလေးကလည်း အဘွားမရှိတော့သည်မို့ အန်တီလှိုင့်ဆီကိုပြောင်းနေခဲ့သည်မှကြာလှပြီဖြစ်၏။

ဒီအိမ်ကြီးတွင် အလုပ်သမားများကလွဲ၍ ကျန်သည့်မိသားစုဝင်မရှိဘဲ တစ်ယောက်ထဲဖြစ်နေသော မာမီသည် သူ့ကို"ပြန်လာပါ သားရယ်"ဟု တစ်ခွန်းမှမဟပေ။

မာမီက ထက်မြက်သလို မာနကလည်းကြီး၏။ တစ်ယောက်ထဲမို့ အထီးကျန်တယ်ဆိုတဲ့အကြောင်းကို ဘယ်တော့မှ နှုတ်ကဖွင့်ပြောမည်မဟုတ်။

အိမ်ထဲရောက်သည့်တိုင် အလုပ်သမားတစ်ယောက်မှ မတွေ့ရတာမို့ သူမျက်မှောင်ကျုံ့သွားရသည်။ အရင်က ငါးယောက်ထက်မနည်းရှိခဲ့သည့် အိမ်အကူတွေက ဘယ်ရောက်ကုန်ပြီလဲမသိ။

အလုပ်သမားဆိုလို့ ခုနကခြံတံခါးလာဖွင့်ပေးသည့် သူ့အရွယ်ရှိ ကောင်လေးတစ်ယောက်သာတွေ့သည်။ တစ်အိမ်လုံး ဘယ်သူ့ကိုမှ မတွေ့တာမို့ အပေါ်ပဲတက်လာလိုက်သည်။

မာမီနှင့် သူက ရှေ့ဆင့်နောက်ဆင့်ပြန်လာခဲ့သည်မို့ အခန်းထဲတွင် အဝတ်များလဲနေလား မသိ။ မာမီ့အခန်းရှေ့တွင် ရပ်နေရင်းကနေ စိတ်လျော့ကာ ခဏလောက်အားယူပြီးနောက် အခန်းတံခါးကိုခေါက်လိုက်၏။

"သားရောက်ပြီ မာမီ"

"ဧည့်ခန်းမှာစောင့်နေ"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now