❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၁၇)
~~~~~~~~~~~~~~~~~~~~~~~~~
သူ စိတ်တွေလေးလံနေမိသည်က မာမီလာပြီးကတည်းကပင်။ အညိုလုံးလေးနဲ့ သူ့အကြောင်းမေးတော့ သူပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့သည်။အစက မပြောဘဲ ငြိမ်ခံနေပေမဲ့လည်း တစ်စတစ်စနဲ့ အညိုလုံးလေးကိုနှိမ်ချကာ စော်ကားပြောဆိုလာသည်မို့ မနေနိုင်တော့ဘဲ သူအသံထွက်မိသွားခြင်းပင်။
မာမီက အံ့ဩကာ သူ့ကိုအပြစ်တင်သည်။ သူစိုးရိမ်သလိုပဲ ဓာတ်ပုံကိစ္စတွေနဲ့ ပတ်သတ်ပြီး အသည်းအသန်မေးတော့သည်။
ဒီကိစ္စကိုမဖြေချင်လို့ စကားမပြောနိုင်ယောင်ဆောင်ပါတယ်ဆိုမှ အခုထက်မေးသည်လေ။ လေးလေးဖြေရှင်းပေးတာက အများရဲ့စုအတွက် ခိုင်လုံပေမဲ့ သူ့အမေဖြစ်သူကတော့ အခုထိ သံသယဖြင့် သူ့ကိုစွပ်စွဲနေတုန်းပါပဲ။
မာမီသိချင်တာအကုန်ဖြေပေးရင် သူနဲ့အညိုလုံးလေးကိုသဘောတူလားလို့ မေးခွန်းထုတ်တော့လည်း မာမီကလက်မခံ။ ယောကျာ်းလေးတစ်ယောက်ဖြစ်တာကြောင့်ရော၊ မာမီလိုချင်သည့် အရာတော်တော်များများပါ အညိုလုံးလေးဆီမှာရှိမနေတာမလို့ မာမီက ခါးခါးသီးသီးပင်။
သူ့အသက် ၂၅နှစ်ပြည့်ရင် အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး စီးပွားရေးဘက်ကို ခြေဦးလှည့်ပါမည်ဆိုသော ကတိကိုအခုတည်ခိုင်းနေသည်။
သူက အခုထိ လူရှေ့ထွက်ဖို့အဆင်မပြေသေးတာ။ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ သူမမှားပေမဲ့လည်း တကယ် လူအများရှေ့မထွက်ချင်သေးပေ။
သူအတင်းငြင်းနေတာမို့ မာမီအကျပ်ကိုင်လာသည်က စီးပွားရေးဘက်မှာ ဦးဆောင်ပြီးအဆင်ပြေလာရင် အညိုလုံးလေးနဲ့ ကိစ္စကိုစဉ်းစားပေးမယ် ဟူ၍သာ။
မာမီဟာ ဒီလိုနည်းနဲ့ လက်ရုံးငြင်းမရအောင် ချည်ပြီးတုတ်ပြီးပြော၏။ အညိုလုံးလေးကိုပြောပြဖို့ကြံပေမဲ့လည်း သူတောင် သူ့ကိစ္စနဲ့သူရှုပ်နေသည်မို့ ပြောဖို့အခွင့်မသာခဲ့။
မနက်ဖြန်ဆို မေမေက သူ့ကိုကုမ္ပဏီမှာ အလုပ်၀င်ခိုင်းနေလေပြီ။ ဒီလိုဆိုတာနဲ့ အညိုလုံးလေးနဲ့ သူ့အကြောင်းကို သိုသိုသိပ်သိပ်လုပ်ရတော့မည်။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)