❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၃၁)
~~~~~~~~~~~~~~~~~~~~~~~~~
Stage အနောက်ရောက်သည်နှင့် ခုနကဝေ့သီနေသော မျက်ရည်စတွေကို သူလက်သူကြွယ်ဖြင့်သုတ်လိုက်၏။ အဲ့ကိစ္စတွေပြောရတာ သူ့အတွက်ခက်ခဲတယ်ဆိုပေမဲ့ မျက်ရည်ကျလောက်တဲ့အထိတော့မဟုတ်ပေ။အသံပျောက်တဲ့ ကိစ္စကိုက တမင်ထည့်ပြောခဲ့တာပင်။ သူစကားမပြောနိုင်ဘူးဆိုတာ လိမ်ထားတာဆိုပေမဲ့ အညိုလုံးလေးကတော့ သူ့ကိုအမှန်တကယ်ပဲ အဲ့အခြေအနေကိုပဲယုံပြီး တွဲခေါ်ခဲ့ပေးတာလေ။
"သခင် သားဒီနေ့ အိမ်ပြန်နားရင် နားလိုက်လေ၊ ပင်ပန်းတယ်မဟုတ်လား"
အလိုက်တသိဖြင့် မေးလာသည့် လေးလေးကြောင့် သူ တည်တင်းနေသည့် မျက်နှာထားကို ပြင်ရင်း အနောက်လှည့်ကြည့်ကာ ကလေးလေးလိုရယ်လိုက်၏။
"ပိစိလေး ပင်ပန်းတာပါ လေးလေးရဲ့ ဟီး၊ ဒါပေမဲ့ ပြန်နားလိုက်တော့မယ်နော်"
"ဟုတ်ပါပြီကွာ၊ သွားတော့ ဒီကကိစ္စတွေ လေးလေး ကြည့်ရှင်းထားလိုက်မယ်"
"လေးလေးက အကောင်းဆုံးပဲ၊ သားကို နားအလည်နိုင်ဆုံးပဲ"
သူ လေးလေးကိုဖက်ကာပြောလိုက်၏။ ဟိုးအရင်ထဲက လေးလေးက သူ့ကိုဆိုချစ်ကာ အမြဲအလိုလိုက်တာမလို့ လေးလေးကသူ့ရဲ့အချစ်ဆုံးပင်။ အလိုလိုက်လွန်းလို့ တစ်ခါတလေ ခွင်းကိုတောင် အားနာရတယ်အထိပင်။
"ကားကို ဂရုစိုက်မောင်းဦး"
"ဟုတ် လေးလေး"
~~~~~~~~~~~~
"Wow Wow ဦးခေါင်ရန်းညို လုံးဝမထင်ထားဘူးဗျာ၊ ခင်ဗျားက တကယ် Celeပဲ ကျုပ်ထက်တောင် Fan များသေးတယ်ရော်""လက်ရုံး လာမစနဲ့ ကိုယ့်ဘာသာအေးဆေးနေ"
"ဟောဗျာ ကျွန်တော်မျိုးက ခင်ဗျားလေးကိုဘာလုပ်နေလို့လဲဗျ။ ဒီနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ခင်ဗျားလေးကိုပဲ ထိုင်ကြည့်နေတာလေဗျာ"
"အဲ့ဒါကိုက မဟုတ်တာလေ"
"ဟာဗျာ တကယ်ဝမ်းနည်းသွားပြီ။ ဒီလောက်လိမ္မာတဲ့ ကောင်လေးရထားတာကို...၊ ခင်ဗျားဗျာ ဂုဏ်ယူသင့်တာကို အတင်းနှင်လွှတ်နေတယ်။ ခင်ဗျားက စိတ်ဓာတ်ပဲဗျာ"
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)