40 (Uni)

19.3K 1.2K 32
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၀)
~~~~~~~~~~~~~~~~~~~~~~~~~
"ပေါင်ပေါင်းကလည်း မောင်မှားပါတယ်ဆိုကွာ။ နော်..ခွင့်လွှတ်တော့လေနော်"

စိတ်မရှည်တော့သည့် လေသံထွက်လာသည့် မောင့်ကို ခေါင်ရန်းက မျက်လုံးလှန်ကြည့်လိုက်သည်နှင့် ချက်ချင်းပင် လေသံပြန်လျော့သွား၏။

အခုအခြေအနေက ဆိုဖာပေါ်တွင် ခပ်တည်တည်ထိုင်နေသူမှာခေါင်ရန်းဖြစ်ပြီး မောင်ကတော့ အောက်တွင် ငုတ်တုတ်ထိုင်ကာ နားနှစ်ဖက်ကိုလည်းလက်ဖြင့်ဆွဲထားသေးသည်။

ကြက်သွန်နီကိုတွေ့ပြီးသည့်နောက်မှာ ယခုကဲ့သို့ဖြစ်ကုန်ခြင်းပင်။

"ပေါင်ပေါင်းကလည်း မောင်ညောင်းလာပြီ။ ပြီးတော့မောင်နေမကောင်းဘူးလေ"

ရှုံ့မဲ့မဲ့နှင့်ဆိုလာသည့် မောင့်စကားကြောင့် ခေါင်ရန်း မောင့်ကိုစိုက်ကြည့်ကာ

"မင်းကိုဘယ်သူကအတင်းအကြပ်လုပ်ခိုင်းနေလို့လဲ၊ မင်းဘာသာလုပ်နေတာမဟုတ်ဘူးလား"

"မလုပ်ခိုင်းပေမဲ့ ပေါင်ပေါင်းက စိတ်ဆိုးနေတော့ မောင်က ဘယ်နေတတ်မှာလဲလို့.."

"စိတ်ဆိုးအောင် မင်းပဲလုပ်ထားတာလေ၊ ငါ့မှာတော့ ချက်ချင်းပျာယာခတ်ပြီး လိုက်လာရတာ၊ မင်းကြတော့ မူယာများနေတာမဟုတ်ဘူးလား"

"ပေါင်ပေါင်းကလည်း မောင်က နေမကောင်းက တကယ်ဖြစ်နေတာလေ၊ လိမ်တာမှမဟုတ်တာ..နည်းနည်းလေးပိစိလေးပိုပြီးဖျားပြရင် ပေါင်ပေါင်းကပိုစိတ်ပူမလားလို့ဆိုပြီး လုပ်မိလိုက်တာပါ။ နောက်မလုပ်တော့ဘူးနော်"

"လုပ်ချင်တာလုပ်ပြီးမှ နောက်မလုပ်တော့ပါဘူးပဲ လာလာပြော။ ငါတကယ် မင်းကိုစိတ်တိုနေတာ"

"မောင်ပါဆို..မောင်လို့ခေါ်ပါဆို"

ခေါင်ရန်း ဘယ်လိုပဲစိတ်ဆိုးမာန်ဆိုးဖြစ်နေပါစေ မောင်ဆိုသည့်နာမ်စားကို နှစ်ခါလောက်တမင်မခေါ်ဘဲထားလိုက်သည်နှင့် မောင်က ပြန်ခေါ်ရန်ဂျီကျလေသည်။

"မခေါ်နိုင်ဘူး၊ ငါမင်းကိုစိတ်ဆိုးနေတာနော်။ ဝေ့လည်ကြောင်ပတ်လာမလုပ်နဲ့"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Donde viven las historias. Descúbrelo ahora