"ပေါင်ပေါင်း အပေါ်ကတစ်ခုခုထပ်ဝတ်ဦး၊ အထဲရောက်ရင်အေးနေမယ်"
"အေးရင် ယောကျာ်းကဖက်ပေးထားပေါ့"
"လုပ်ပြန်ပြီ"
အထက်ပါစကားကို ထမင်းစားရေသောက်လိုပြောနေတဲ့ အညိုလုံးလေးက ဘယ်လိုမှမနေပေမဲ့ ယောကျာ်းတစ်ခါအခေါ်ခံရတိုင်း ဒီမှာက အသားမကျသေး။ တစ်ခါကြားရတိုင်း တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေက တုံ့ဆိုင်းသွားသလိုပင်။
နောက်ပြီး အိမ်ထောင်ကျပြီးမှ အညိုလုံးလေးက တအားဖလစ်လာသည်။ နဂိုထဲကမှ သူ့ကိုကြွေကျပြီးသားဖြစ်တဲ့ လက်ရုံးကို အခုတော့ ပြာမှုန်ပဲဖြစ်စေချင်ပုံ။ တီတီတာတာတစ်ခါအပြောခံရပြီးရင် အသည်းတယားယားနဲ့ အံကြိတ်ရေရွတ်ရသည့် စကားလုံးတွေကသာ ထွက်လာရုံကလွဲလို့ လက်ရုံးမှာ ဘာမှမလုပ်နိုင်။
ရှေ့ရက်တွေကလိုမဟုတ်ဘဲ ပိုပြီးတက်တက်ကြွကြွဖြစ်လာသည့် ပေါင်ပေါင်းက ဘာတွေစိတ်ချမ်းသာစရာရှိပြန်လဲမသိ။ မာမီ့ကိုမေးမလို့ ကြံပြီးမှ ပေါင်ပေါင်းရော၊ မာမီရောကပါ ပြုံးပြုံးရွှင်ရွှင်နဲ့ အရင်ကထက်တည့်လာကြသည်မလို့ လက်ရုံးမှာ ကြားထဲက ဝင်မပါရဲ။ ကိုယ်ပါမှ ဆိုးသွားမည်ဆိုးတာကြောင့်။ ဒါပေမဲ့လည်း ဒီအတိုင်းကြီးတော့ လွှတ်မထားပါ၊ အမြဲအကဲခတ်စောင့်ကြည့်နေရသည်။
"ဘာကိုလုပ်ပြန်ပြီလဲ၊ ငါပြောတော့ ဘာဖြစ်လဲ။ ငါ့ယောကျာ်းငါပြောတာ သူများကိုလိုက်ပြောနေတာမှမဟုတ်တာ၊ မင်းမကြားချင်ရင်လည်း တခြားသူပဲလိုက်ပြောတော့မှာ"
"လုပ်စရာလား"
"မင်းနော် တအားကိုအူတိုတာပဲ၊ အူတိုပြီးသေတဲ့မသာဆိုရင် လူကြားမကောင်းဘူးနော်"
"ဘာဖြစ်လဲ ပထမဦးဆုံးထူးထူးခြားခြားဖြစ်တာပေါ့"
"မင်းဟာလေ..."
"ဘယ်သွားကြမလို့လဲ သားတို့"
အနားရောက်လာသည့် မာမီ့ကြောင့် နှစ်ယောက်သားစကားစပြန်သွား၏။ လက်ရုံးကပဲ ဦးဆောင်ကာ
"ဒီနေ့ ငယ်လေးတို့နဲ့တွေ့ဖို့ချိန်းထားလို့ မာမီ၊ သားတို့လည်း အပြင်မထွက်တာကြာပြီဆိုတော့ ဒီနေ့အကုန်စုပြီး စားကြသောက်ကြမလို့၊ သားတို့အိမ်ပြန်နောက်ကျမယ်နော်"
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)