16 (Unicode)

25.5K 1.6K 29
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၁၆)
~~~~~~~~~~~~~~~~~~~~~~~~~
ညကတောင် ခေါင်ရန်း တွေးမိပါသေးတယ်။ ခေါင်ရန်းနဲ့သူသွားတာ ဘယ်သူမှမတွေ့ကြဘူးလားပေါ့။ သူပြောသလိုပဲ လူတွေသူ့အပေါ်အာရုံမရှိတော့တာများလား။

ခေါင်ရန်းစိတ်အေးရုံရှိသေးတယ်၊ ဒီမနက်ကျတော့ သူတို့ပုံတွေက ပလူပျံနေသည်။

*ပရိသတ်‌ရှေ့ကို ကောင်လေးတစ်ယောက်နဲ့အတူ ပြန်လည်ထွက်ပေါ်လာတဲ့ အဆိုတော်လက်ရုံးသခင်* ဆိုသည့်ခေါင်းစီးနဲ့အတူ ခေါင်ရန်းနဲ့ သူ့ရဲ့ ဓာတ်ပုံမြောက်မြားစွာ။

သို့သော် ဓာတ်ပုံတွေမှာ ခေါင်ရန်းရဲ့မျက်နှာကပါတော့ပါ ပါတယ်။ ဒါပေမဲ့ ဘယ်ပုံမှာမှ သေချာမပါ...။ ဒါဟာတိုက်ဆိုင်တာပဲလား။

အဆိုတော်တစ်ယောက်က ယောကျာ်းလေးတစ်ယောက်နဲ့ အတူပြန်ပေါ်လာတယ်ဆိုကလည်းက ဘယ်သူမဆို အဲ့‌ယောကျာ်းလေးရဲ့ပုံကို ပိုပြီး အမိအရရိုက်ကြမှာမဟုတ်ဘူးလား။ အခုက ထူးဆန်းနေသလားလို့။

အလုပ်မှာလည်း အဲ့ကိစ္စပဲပြောနေကြတာ။ လက်ရုံး Fanတွေက နည်းတာမှမဟုတ်ဘဲကို။ ခုနက Postအောက်မှာလည်း သူ့ကိုပြန်လာဖို့ပြောထားကြတာတွေချည်းပဲ။

ဓာတ်ပုံကိစ္စလည်းဖြေရှင်းပြီးသွားပြီဆိုတော့ တစ်ချိန်က မှားပြီး ပြောဆိုထားတဲ့သူတချို့ကလည်း တောင်းပန်ထားကြသည်ကိုတွေ့သည်။ သေချာ ချုံ့ကြည့်မယ်ဆိုရင် သူ့ကို ပြန်လာစေချင်တဲ့ဟာတွေချည်းပါပဲ။

ဘာပဲပြောပြော ဒီတစ်ခါလည်း ခေါင်ရန်းပုံတွေက မသိသာလို့တော်သေးသည်။ ဒီပုံထဲက ခေါင်ရန်းဆိုတာ မေပဲသိတာ။

ဘေးနားကဖုန်းလေးကောက်ကိုင်ကာ လက်ရုံးဆီဖုန်းခေါ်တော့လည်း မကိုင်။ သူထိခိုက်စရာတော့မရှိပါဘူး။ ဘာလို့ဖုန်းပိတ်ထားရပြန်တာလဲ။

"ကျစ်..ဒီကောင်‌လေးကတော့"

အကြိမ်ကြိမ်ခေါ်နေတာတောင် ဖုန်းကစက်ပိတ်ထားဆဲမို့ ခေါင်ရန်း အပူလုံးဆို့လာရတော့သည်။
~•~•~•~•~•~•~•
"မေ ငါ နေ့တစ်၀က်ခွင့်ယူပြီး ပြန်မယ်"

မေ့ရဲ့ ဒီဇိုင်းဌာနကို ထူးထူးဆန်းဆန်းရောက်ချလာပြီးပြောလာတဲ့ ခေါင်ရန်းကြောင့် မေကြောင်သွားရသည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now