❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၄)
~~~~~~~~~~~~~~~~~~~~~~~~~
"ဒါဆို ရုံးရုံးရဲ့ချစ်သူဆိုတာ ကိုကြီးခေါင်ရန်းပေါ့""ဟုတ်ပါတယ်ဆို ၀င့်ဝါမရယ်၊ ကိုကြီးရော ငါပါဖြေနေတာ ဆယ်ခေါက်မကတော့ဘူး"
ခေါင်ရန်းကိုသာ ပါးစပ်ကမေးနေပေမဲ့ မျက်လုံးက မောင့်ဆီကမခွာသည့် ဝင့်ဝါကို ငယ်လေးက စိတ်မရှည်သည့် လေသံဖြင့်၀င်ပြော၏။
ငယ်လေးလည်း အံဩတယ်ဆိုပေမဲ့လည်း အချိန်တန်ရင် ဒီကိစ္စဖြစ်မှာ သိနေလို့ထင်သည် ၀င့်ဝါလောက်တော့ အံ့ဩဟန်မပြ။ ဒါပေမဲ့ ငယ်လေးမျက်လုံးတွေက မို့နေသလားလို့၊ ငိုထားတာများလား။ ညကတည်းက အဲ့လောက်ထိဖြစ်အောင် ငိုထားတာများလား။ တကယ်ပဲ ငယ်လေးတစ်ယောက်ကတော့။
မောင်ကလည်း ဘယ်လိုပဲ အနုပညာရှင်ဖြစ်စေကာမူ ကိုယ့်ကိုရှေ့မှာထားပြီး တစ်ချိန်လုံးစိုက်ကြည့်နေတော့ မနေတတ်တော့ဟန်ဖြင့် ခေါင်ရန်းလက်ကိုကုတ်ရင်း အချက်ပြတာမို့
"ဝင့်ဝါ..အခုချိန်မှာ ဒီကိစ္စကို ညီမလေးအံ့သြနေမယ်ဆိုတာ ကိုကြီး နားလည်တယ်။ ဒါပေမဲ့လည်း ဒါကအမှန်ပဲလေ..."
"သမီး သိပါတယ် ကိုကြီးရဲ့၊ ဒါပေမဲ့ ရုံးရုံးလေးက ရုံးရုံးလေးက အိ..ဟီး"
ပြောရင်းဆိုရင်းဖြင့်ပင် ချက်ချင်းမျက်ရည်တွေဝဲကာ ငိုချပြန်တဲ့ ၀င့်ဝါကြောင့် ငယ်လေးက စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကိုတဗြင်းဗြင်းကုတ်ကာ
"ကိုကြီး ဝင့်ဝါကိစ္စကို ငယ်လေးတာဝန်သာထားလိုက်တော့။ အစ်ကိုလည်း ပြန်ချင်နေပြီနဲ့ တူတယ်၊ ကိုကြီးလိုက်ပို့လိုက်တော့"
"ဪ အေးအေး၊ မောင် ထလေ"
ခေါင်ရန်းက ပြောရင်းဖြင့်ပြင် မောင့်ဘေးကနေ ထလိုက်၏။
"ငယ်လေး အစ်ကိုနောက်မှထပ်လာခဲ့မယ်နော်"
"ဟုတ်ကဲ့ အစ်ကို"
"ဟိုဘက်က ညီမလေးရော အစ်ကိုပြန်ပြီနော်"
"အား...ငယ်လေး တွေ့လား၊ ရုံးရုံးက အစ်ကိုက ငါ့ကို.. ငါ့ကို နှုတ်ဆက်သွားတာ"
"တွေ့တယ် တွေ့တယ်၊ နင်ရိုက်နေတာနဲ့ ငါ့လက်မောင်းကြီး ပြုတ်ထွက်တော့မယ်"
************
"ကားကို ဂရုစိုက်မောင်းနော်"

VOCÊ ESTÁ LENDO
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)