41 (Uni)

22.4K 1.2K 12
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၁)
~~~~~~~~~~~~~~~~~~~~~~~~~
"ဟင်.."

"....."

"မောင် ဘာပြောလိုက်တာ"

"အိမ်ထဲဝင်ကြရအောင်"

ဘာပြောလိုက်တယ်ဆိုတာမဖြေသေးဘဲ အိမ်ထဲကိုအတင်းဝင်ခိုင်းနေသည့် မောင်က တစ်ခုခုတော့ တစ်ခုခုပင်။ ခေါင်ရန်းများ နားကြားလွဲလိုက်တာလား။ မောင်က လက်ထပ်ကြရအောင်လို့ပြောလိုက်တာမဟုတ်ဘူးလား။

ဧည့်ခန်းမှာတင်ခေါင်ရန်း၏လွယ်အိတ်ကိုထားခဲ့ပြီး ထမင်းစားခန်းထဲသို့ မောင်နှင့်အတူပြန်ဝင်ခဲ့ကြ၏။ မောင့်အတွက်ဆိုပြီးကြော်ပေးထားသည့် ကြက်သားကြော်ကအခုတော့ ခေါင်ရန်းအတွက်ဖြစ်သွားသည်။

ခုနထဲက စကားကိုဟိုပြောဒီပြောလုပ်နေသည့်မောင်က လက်ထပ်ရအောင်ဆိုသည့်အကြောင်းဆီသို့ စကားဦးပင်မသမ်းလာ။ မောင်က‌မပြောတော့ ကိုယ်ကလည်း အတင်းလိုက်မေးနေလို့အဆင်မပြေ။

စားပြီးသောက်ပြီးတော့လည်း ဗိုက်ချောင်အောင်ဆိုပြီး ခြံထဲဆင်းလမ်းလျှောက်ကြသေးသည်။ အစစအရာရာအဆင်ပြေနေပေမဲ့ ပြဿနာက အိပ်ဖို့စီစဉ်သည့်အချိန်မှာစသည်။

မောင့်အိမ်လေးက အိပ်ခန်းတစ်ခန်းပဲရှိတာမလို့ တိုင်ပတ်သည်။ အိမ်ကနှစ်ထပ်ပေမဲ့ အပေါ်ထပ်က အမိုးမရှိဘဲ ဒီအတိုင်း ဟာလာဟင်းလင်းကြီးဖြစ်ပြီး ပန်းပင်တွေသာစိုက်ပျိုးထားသည်မလို့ ဘယ်လိုမှနေဖို့အဆင်မပြေ။

"မောင်အပြင်မှာအိပ်လိုက်မယ်"

"မဟုတ်တာ မင်းမှနေမကောင်းတာကို"

ငြိမ်ပြီး နှစ်ယောက်အိပ်ကုတင်ကြီးကိုကြည့်နေသည့် ခေါင်ရန်းကြောင့် မောင်က အထင်လွဲသွားပုံရတာမလို့ ခေါင်ရန်းမှာပြန်ပြောရသည်။

"ငါတို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေပဲ ဥစ္စာ၊ အတူ..အတူအိပ်လို့ရပါတယ်"

"ပေါင်ပေါင်းအဆင်ပြေလို့လား"

"မပြေစရာရော ဘာရှိလဲ။ လာပါ အိပ်မယ်"

ခေါင်ရန်း ခပ်ပေါ့ပေါ့ပြောကာ ကုတင်ပေါ်အရင်တက်လိုက်ပေမဲ့ စိတ်လှုပ်ရှားနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သာအသိဆုံးပင်။ မောင်က ဘာမှမပြောဘဲ ဒီအတိုင်းရပ်ကြည့်နေပြီးမှ

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now