❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း (၄၅)
~~~~~~~~~~~~~~~~~~~~~~~~~
"လူနာရှင်အထဲလိုက်လို့မရပါဘူး"Nurse ၏ တားမြစ်သံကြားမှ လက်ရုံး ကိုင်ထားသည့် ကုတင်လက်ရန်းကိုလွှတ်လိုက်၏။ Accidence ဖြစ်သည့်နေရာကနေ ဆေးရုံကိုရောက်လာသည်အထိ ပူပြင်းသော သောကပေါင်းစုံနှင့်သူသည် အခုထိ စိတ်အေးအေးမထားနိုင်သေးပေ။
ပိတ်သွားသော တံခါးနှင့်အတူ ပျောက်ကွယ်သွားသော အညိုလုံးလေး မျက်နှာကြောင့် လက်ရုံးမှာ ဆောက်တည်ရာမရဖြစ်နေရသည်။
ထိုင်ခုံမှာထိုင်စောင့်ရင်း ဘာစကားတစ်ခွန်းမှမဆိုနိုင်ဘဲ ဒူးပေါ်လက်တင်ရင်းသာ ဆိတ်ဆိတ်နေမိသည်။ အပေါ်ယံကြည့်ရင်သာ လက်ရုံးပုံစံက တည်ငြိမ်နေပေမဲ့ တကယ်တော့ ရင်ထဲတွင် ဗလောင်ဆူနေပြီဖြစ်သည်။
လက်ရုံးက ပျော့ညံတဲ့ယောကျာ်းမဟုတ်ပါချေ။ အမြဲတစေ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘဲ ကိုယ့်အတွက်ကိုပဲ ရှေ့တန်းတင်တတ်တဲ့ ယောကျာ်းတစ်ယောက်ပင်။ ချစ်ရသူရှေ့မှာမလို့ သူ့ရဲ့ပုံစံအလုံးစုံကိုဖွင့်ဟပြပေမဲ့ တခြားသူရှေ့မှာတော့ ဘယ်တော့မှ အားနည်းပြမှာမဟုတ်။
မောင် မငိုဘူးနော် ပေါင်ပေါင်း။ ပြီးတော့ မောင်ပြိုလဲမပြဘူး။ မောင်က ပေါင်ပေါင်းတစ်ယောက်ထဲရဲ့ ရင်ခွင်ထဲပဲတိုးပြီး စိတ်အနားပေးမဲ့ကောင်ဆိုတာ ပေါင်ပေါင်းသိတယ်မဟုတ်လား။
မောင့်အညိုလုံးလေးက မောင့်ဆီပြန်လာမှာနော်။ မောင်က ခင်ဗျားလေးမရှိလို့ မဖြစ်တာ သိတယ်မဟုတ်လား။
Ring>>Ring
ထမြည်လာသည့် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲက ဆွဲထုတ်လိုက်တော့ ခေါ်ဆိုသူက ငယ်လေးပင်။ ဖုန်းကိုကြည့်ရင်း လက်ဆီသို့အကြည့်ရောက်သွားတော့ ပေါင်ပေါင်းရဲ့သွေးတွေနှင့် ပေကျံနေလေသည်။
ဝတ်ထားသည့် လက်ရုံးရဲ့ တီရှပ်အဖြူမှာလည်း သွေးတွေပေကျံနေသလို ပေါင်ပေါင်းဝတ်ထားခဲ့သည့် အင်္ကျီဖြူလေးမှာလည်း သွေးတွေက ရွှဲနစ်လျက်ရှိခဲ့သည်။
လက်ရုံး ဒီလက်တွေနဲ့ ထွေးပွေ့ခဲ့တာ။ သူ့ရဲ့လက်တွေကြားမှာ အညိုလုံးလေးက သွေးတွေနဲ့ လဲလျောင်းနေတာ။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)