°°°ဟဲ့ လုပ်ကြပါဦး ငါ role မှားခွဲတာလား°°°
°°°ရုံးရုံးရေ တကယ်မထင်ထားဘူး°°°
°°°ဘာလိုတွေတောင်လား ရုံးရုံးရယ်°°°
°°°ငါ့ OTP nameကို ရုံးရန်းကနေ ရန်းရုံးပြောင်းရတော့မှာလား°°°
°°°သားရေ အပေါ်ထပ်နော် အပေါ်ထပ်လို့😭°°°
°°°အသည်းကတော့ ထွပလယ်ကွဲပဲဟေ့၊ ရုံးရုံးကို ငါမရတော့လို့တစ်ခါ၊ သူ့ဘဲကို အဲ အခု သူ့လင်ချောချောလေးကို ငမ်းမရတော့လို့တစ်ခါ၊ ကိုယ့်လူက အောက်ရောက်သွားလို့တစ်ခါ အမလေး ကွဲချက်ကတော့ ရည်းစားထားဖို့အသည်းတောင်မရှိတော့ဘူး°°°New Feed တွင်ပွက်လောရိုက်နေသလောက် ထိုဖြစ်စဉ်တွင် အဓိကပါဝင်သူဖြစ်သော အမျိုးသားငယ်မှာ ချစ်ရသူ၏ နံဘေးတွင် အပူအပင်ကင်းစွာအိပ်ပျော်လျက်ရှိသည်။
တစ်ချိန်လုံးအာရုံစိုက်လုပ်လိုက်သည့် အလုပ်ကိစ္စက ပြီးသွားတာမလို့ ခေါင်ရန်း ဇက်ကိုဘယ်ညာချိုးလိုက်ရင်း ပေါင်ပေါ်က Notebook ကိုစားပွဲခုံပေါ်သို့လှမ်းတင်လိုက်၏။
ဘေးဘက်ကိုကြည့်တော့ ခေါင်ရန်း အနားနားတိုးကပ်ကာ အိပ်နေသည့် မောင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့။
ညက မောင်နဲ့အတူတူခေါင်မိုးထပ်တွင် နောက်တစ်ကြိမ်အိပ်ပျော်သွားပြီးနောက် ခေါင်ရန်းနိုးလာတော့ အိပ်ရာပေါ်သို့ပြန်ရောက်နေပြီဖြစ်သည်။
ကြည့်ရတာ မောင်ချီပြီးပြန်ခေါ်လာခဲ့တယ်ထင်ပါရဲ့။ ခေါင်ရန်းလည်း ပင်ပန်းလွန်းအားကြီးတာမလို့ မောင်ချီခေါ်သွားသည်ကိုပင်မသိ။ ခေါင်ရန်းကိုတော့ စောင်နဲ့ထွေးပတ်ထားသည့်အပြင် တင်းကြပ်စွာဖက်အိပ်သည့် မောင်က သူ့ကိုယ်သူတော့ ဂရုမစိုက်ဘဲ အပေါ်ပိုင်းဗလာကျင်းပြီး အိပ်သည်လေ။
ရလဒ်ကတော့ မောင်တစ်ယောက် အခုဖျားနေခြင်း။ ခေါင်ရန်းနိုးတာနဲ့ မောင့်မျက်နှာကိုထိတွေ့ကြည့်သည်နှင့် တစ်ပြိုင်နက် မောင်ဖျားနေသည်ကို သတိပြုမိတာဖြစ်သည်။
ခေါင်ရန်းနဲ့စောင်တစ်ခုထဲခြုံအိပ်တာမျိုးမဟုတ်ဘဲ ခေါင်ရန်းအိပ်ပျော်သွားတုန်းကလိုပဲ စောင်နဲ့လုံးထွေးသည့်အတိုင်း မောင်ကဖက်အိပ်တာဖြစ်တာမလို့ မောင့်ခမျာ အနွေးဓာတ်ကောင်းကောင်းမရဘဲ ဖျားတာဖြစ်သည်။
STAI LEGGENDO
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Storie d'amoreမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)