ဧည့်သည်ရောက်နေတယ်ဟု Hotelက ဖုန်းလှမ်းဆက်လာသည်မလို့ ခေါင်ရန်းနှင့် မောင် ည ၁၀ နာရီထိုးကြီး Hotel သို့ရောက်လာကြရသည်။ လာသည့်သူက ခေါင်ရန်းရဲ့သူဌေးဖြစ်တာမလို့ ခေါင်ရန်းက လာချင်ပေမဲ့ မောင်ကတော့သိပ်မလာချင်ပေ။
သို့သော်မောင်တို့ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းထားတာလည်းဖြစ်တဲ့အပြင် ခေါင်ရန်းရဲ့အလုပ်ရှင်ဖြစ်တာမလို့လေးစားသမှုကတော့ရှိရမည်လေ။
"အစ်ကိုခေါင်ရန်း!!"
ကောင်တာမှာ မေးမလို့ရှိသေးသည် ကျယ်လောင်သည့်အသံနှင့်အတူ ပွေ့ဖက်ခြင်းခံလိုက်ရတာမလို့ ခေါင်ရန်းမှာ နင့်ခနဲ။
"ကျွန်တော် အစ်ကို့ကိုသတိရနေတာဗျာ"
ပြောလည်းပြောကာ ဖက်ထားတာလွှတ်ပေးပြီး ခေါင်ရန်းပုခုံးကိုလက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်ထားရင်း ပြန်ဖက်ဖို့ပြင်နေတာမလို့ ခေါင်ရန်းလန့်သွားရသည်။ ဒီကောင်လေးဟာလေ အခုထိ အကျင့်ကမပျောက်သေးဘူး။
သို့သော် ခေါင်ရန်းကိုထပ်မဖက်နိုင်ခင် ထိုကောင်လေး၏ လက်မောင်းသည် တစ်စုံတစ်ယောက်၏ ဆွဲခြင်းကိုခံလိုက်ရ၏။
"သူဌေး.."
အနောက်တွင် ရှုတေတေဖြင့်ရပ်နေသည့် သူဌေးကိုတွေ့တော့မှ ခေါင်ရန်းလည်း အနောက်က မောင့်ကိုယောင်ယမ်းပြီးလှည့်ကြည့်မိလိုက်၏။ အလင်းအိမ်ကို စူးစိုက်ကြည့်နေတာများ ထသတ်တော့မလို။
အေးလေ သူ့ဘာသာတောင် နေရင်းထိုင်ရင်း အူတိုနေရတဲ့ကြားထဲ အလင်းလုပ်ပုံက မောင်ဘယ်လိုမှ သည်းခံနိုင်စရာမရှိ။
"အလင်းအိမ် ဘယ်လိုဖြစ်နေတာလဲ"
"ခင်ဗျားကမှ ဘာဖြစ်နေတာလဲ၊ ဒီမှာနှုတ်ဆက်နေတာမမြင်ဘူးလား"
မကျေမနပ်ဖြင့် အနောက်က ဦးရှင်မင်းမြတ်ကိုပြန်ပြောနေသည့် ကောင်လေးကြောင့် လက်ရုံးစိတ်ကိုတစ်ထစ်လျော့လိုက်ရသည်။ "အလင်းအိမ်"တဲ့ အဲ့ဒါက ဦးရှင်မင်းမြတ်ရဲ့ သည်းသည်းလှုပ်လေးမဟုတ်လား။
အရင်က အနုပညာသမားမလို့ ဒီဘက်ကလူတွေအကြောင်းမသိပေမဲ့ ကိုယ်စီးပွားရေးလောကထဲဝင်လာချိန်မှာတော့ ဦးရှင်မင်းမြတ်ရဲ့ အသည်းညှာလေးဆိုတာ "အလင်းအိမ်"ဆိုတဲ့ နာမည်ကလွဲလို့ ဘာမှမသိလိုက်။ ပေါင်ပေါင်းပြောတာတော့ ဂျပန်မှာ ကျောင်းတက်နေတယ်ဆိုလားပဲ။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)