❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း (၅၁)
(ဇာတ်သိမ်းပိုင်း)
~~~~~~~~~~~~~~~~~~~~~~~~~
"မေမေက အလယ်မှာအိပ်"ညဝတ်အင်္ကျီအဖြူနှင့် ငယ်လေးက မေမေ့ကို ကုတင်အလယ်သို့တိုးခိုင်း၏။ မနက်ဖြန် လက်ထပ်ရတော့မှာမလို့ ခေါင်ရန်းတော်ရုံနဲ့အိပ်မပျော်နိုင်ဖြစ်နေတုန်း တံခါးလာခေါက်လာမလို့ ဖွင့်ပေးတော့ ငယ်လေးဖြစ်နေသည်။ သူကိုယ်တိုင်လည်း ခေါင်းအံုးပိုက်ထားပြီး ခေါင်ရန်းကိုပါ အတင်းအခန်းထဲကဆွဲထုတ်ကာ မေမေ့အခန်းဆီသို့ရောက်လာကြခြင်းသာ။
"လာလေ ကိုကြီးက ဒီဘက်မှာအိပ်၊ ငယ်လေးက ဟိုဘက်မှာအိပ်မယ်။ မေမေ့ကိုအလယ်ထားပြီးဖက်အိပ်မယ်။ လာပါဆို"
ဒီအတိုင်းရပ်နေသေးသည့် ခေါင်ရန်းကို ငယ်လေးက လက်ကနေဆွဲက မေမေ့ဘေးတွင်အိပ်စေ၏။ မေမေနဲ့ခွဲအိပ်ခဲ့တာ ဟိုးငယ်စဉ်ကတည်းကမလို့ ခေါင်ရန်းအခုလိုကျမနေတတ်ဖြစ်နေသည်။ သို့သော် ငယ်လေးကတော့ မေမေ့ကိုသိုင်းဖက်ထားရင်း ရင်ခွင်ထဲတိုးဝင်နေသည်။
"အား နွေးလိုက်တာ၊ မေမေ့ကိုဖက်မအိပ်ရတာ ဘယ်လောက်ကြာပြီလဲ"
"ဒီကလေးကတော့.."
မေမေက ဒီအတိုင်းခပ်ပြုံးပြုံးရေရွတ်ရင်း ငယ်လေးခေါင်းကိုပွတ်သပ်ပေးနေ၏။ ခေါင်ရန်းလည်း ငယ်လေးလိုပင် မေမေ့ကိုဖက်ထားရင်း ရင်ခွင်ထဲခေါင်းတိုးလိုက်၏။
"ဟော သားကြီးရောလား"
"သားကိုလည်း ခေါင်းပွတ်ပေး မေမေ"
ခေါင်ရန်းတောင်းဆိုတော့ မေမေ့လက်နွေးနွေးတွေက ခေါင်ရန်းဆံပင်တိုတွေကြားထဲရောက်လာသည်။
"ဟင်း ဒီကလေးတွေကတော့ကွယ်..။ ပြောပါဦး ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ"
"သားကို ငယ်လေးလာခေါ်တာလေ၊ မေမေ့သမီးကို မေးကြည့်"
"ကိုကြီးနော်၊ ငယ်လေးက ကိုကြီး သူများအိမ်ကလူမဖြစ်ခင် မိသားစုနဲ့အတူအိပ်ရပါစေဆိုပြီး လာခေါ်တာကို ဟွန့်"
ငယ်လေးက ဒီအတိုင်းပြောလိုက်တယ်ဆိုပေမဲ့ ခေါင်ရန်းရင်ထဲဆို့နင့်သွားရသည်။ မနက်ဖြန်ဆို သူငယ်ငယ်လေးထဲကနေခဲ့သည့် အိမ်လေးကနေထွက်သွားရတော့မယ်။ ပြီးတော့ မေမေ့ရင်ငွေ့ကရော..။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)