12 (Unicode)

28.4K 1.9K 66
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၁၂)
~~~~~~~~~~~~~~~~~~~~~~~~
Ring>>>Ring>>>
မြည်လာတဲ့ ဖုန်းသံကြောင့် ခေါင်ရန်း အိပ်နေရာကနေ နိုးသွားရသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသည်က လက်ရုံးရဲ့ မျက်နှာ။ ခေါင်ရန်းချက်ချင်းခေါင်းထောင်ပြီး မလုံမလဲဖြစ်သွားရကာ

"မင်းနိုးနေပြီလား"

သူက ခေါင်ရန်းကိုခေါင်းညိတ်ပြပြီး စားပွဲပေါ်ကိုမေးဆက်ပြတာကြောင့် အခုမှ ဖုန်းလာနေသည်ကို သတိရသည့်အဖြစ်။ ခုနကပဲ ဖုန်းသံကြောင့်နိုးသွားတာကို သူ့ကိုတွေ့လိုက်တာနဲ့ ဖုန်းကိုင်ဖို့ မေ့ရတယ်တဲ့လား။ ခေါင်ရန်းညို မင်းတော့...။

ခေါင်ရန်း သူ့ကိုမချိပြုံးပြုံးပြကာ ဖုန်းကိုင်ပြီးပြီး အခန်းပြင်ထွက်လာရသည်။

"အေး ငယ်လေး"

"ကိုကြီး မနေ့က ငယ်လေးကိုစကားပြောမလို့ဆို"

"အင်း ဟုတ်တယ် ငယ်လေး၊ ကိုကြီးကိုပေးထားတဲ့ ကတိကိုမမေ့လောက်ပါဘူးနော်"

ကတိ..။ ဟုတ်တာပေါ့ ငယ်လေးလုပ်ချင်တာ လုပ်ရဖို့ကို ကိုကြီးဆီ ကတိကဝတ်ပေးထားရတာပဲ။ ကိုကြီးက မတတ်သာလို့သာ လိုက်လျောရတာ ဆိုပေမဲ့ ငယ်လေး ဘာလုပ်လုပ်သူ့ကိုပြန်ပြောပါ့မယ်ဆိုတဲ့ ကတိကိုတော့ပေးထားရသည်လေ။

ငယ်လေးသက်ပြင်းလေးချလိုက်ပြီးမှ

"မှတ်မိပါတယ် ကိုကြီးရယ်၊ အခု ငယ်လေးက သင်တန်းလည်း ကောင်းကောင်းတက်တယ်၊ ဘာအရှုပ်အရှင်းကိစ္စမှလဲ မရှိပါဘူး၊ ထူးထူးခြားခြားကိစ္စလည်းမလုပ်ဘူး၊ အဲ့ဒါကြောင့် ကိုကြီးကို ဘာမှမပြောပြတာပါ"

ညီမဖြစ်သူ၏ ဖြေရှင်းစကားကြောင့် ခေါင်ရန်း စိတ်အေးသွားသလိုရှိရသည်။ သတိဆိုတာ ပိုတယ်မှ မရှိတာ။ ငယ်လေးကို စည်းကမ်းတင်းကြပ်ထားတာက ဘာပဲပြောပြော ခေါင်ရန်းကိုစိတ်သက်သာရာရစေသည်လေ။ မဟုတ်ရင် တစ်နေ့တစ်နေ့ ဒီညီမအတွက် စိတ်ပူနေရတာနဲ့တင် လုံးပါးပါးနေမှာ။

"အင်းပါ၊ ဒါဆို ကိုကြီးစိတ်ချမယ်နော်၊ မေမေ့ကိုလည်းဂရုစိုက်"

"ဟုတ်"

"မုန့်ဖိုးလိုသေးလား"

"ဟီး နည်းနည်း..."

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)حيث تعيش القصص. اكتشف الآن