❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၆)
~~~~~~~~~~~~~~~~~~~~~~~~~
"မောင်""ဗျာ"
"..."
ကိုယ့်ဘာသာ ခေါ်ပြီးမှ "ဗျာ"ဆိုပြီး ထူးလိုက်သည့် မောင့်ကြောင့် ခေါင်ရန်း အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။ မောင်က တစ်ခါတလေကြလျှင် ထိုသို့ထူးတတ်ပေမဲ့လည်း ခေါင်ရန်းမှာ ဒီလိုကြားရသည်ကို ကျင့်သားမရသေးပေ။
"အဟက်! ပေါင်ပေါင်းကကွာ ချစ်သူဖြစ်တာဖြင့်ကြာလှပြီ။ ဒီလောက်လေးနဲ့ ရင်ခုန်နေတုန်းလား"
စနောက်သလိုမေးမြန်းလာသည့် မောင့်စကားကြောင့် မောင်မမြင်နိုင်မှန်းသိတာတောင် ခေါင်ရန်းက မျက်စောင်းထိုးဖြစ်အောင် ထိုးလိုက်သေးသည်။ မောင်နဲ့ ပတ်သတ်ရင် အခိုက်အတန့်တိုင်းက ရင်ခုန်ဖွယ်ရာအတိဆိုတာ မောင့်ကိုတစ်ရက်တော့ သေချာပြောပြရဦးမည်။
ညဘက်ဆို တီတီတာတာပြောလေ့ရှိသော စုံတွဲတို့၏ ထုံးစံအတိုင်း ခေါင်ရန်း နှင့်မောင်သည်လည်း ပြောစရာက အမြဲမကုန်နိုင်အောင်ဖြစ်ကြ၏။ အခုလည်း စကားပြောနေရာက မေးစရာတစ်ခုကို သတိရသွားသည်မို့ ခေါင်ရန်းက မောင် ဟု ခေါ်လိုက်ရာမှ စ၍ မောင်ကစနောက်နေခြင်းပင်။
"ဟော အသံတိတ်သွားပြန်ပြီ။ ဦးခေါင်ရန်းညို ခင်ဗျာ အသက်ရောရှိသေးရဲ့လားဗျ့"
"မောင့်..မစနဲ့ကွာ၊ ငါအတည်ပြောမလို့"
"ဟုတ်ကဲ့ ပြောပါဗျ"
ပြောလေ စလေ ဖြစ်နေတာမို့ ဆက်ပြောမနေတော့ဘဲ အဓိကအရာကိုသာ ဦးတည်လိုက်ရတော့သည်။
"မောင်.. မောင်နဲ့ လေဟုန်ခွင်းက ညီအစ်ကိုတစ်ဝမ်းကွဲတော်တယ်ဆိုတာလေ...."
အညိုလုံးလေးစကားကြောင့် သူ့မျက်ခုံးတွေ အလိုလို အလယ်တွင်စုကာ မျက်မှောင်ကျုံ့လိုက်၏။ သူ့မှာ အလုပ်လုပ်နေရင်း တန်းလန်းမို့ ဖုန်းကို Speaker ဖွင့်ထားပြီး Laptop ဘေးနားတွင်ချထားရသည်။
သူအလုပ်လုပ်နေတယ်ဆိုတာ သိရင် "မောင် စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်ပါ"ဆိုပြီးအလိုက်သိစွာပြောလာမည်ကိုသိတာကြောင့် သူ့မှာ အလုပ်လုပ်နေသည်ဆိုတာကို မပြောရဲပေ။ တစ်ခါတလေ အညိုလုံးလေးရဲ့ အလိုက်သိခြင်းနှင့် နားလည်ပေးမှုတွေကြောင့် သူ့မှာ ပြိုလဲတာ အခါခါပင်။

ESTÁS LEYENDO
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)