❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း (၃၅)
~~~~~~~~~~~~~~~~~~~~~~~~~
"ငါ့ကို ဘာကိစ္စနဲ့ လာတွေ့တာလဲ သခင်"အရင်ကထက် ပိန်ချုံးကာ ပင်ပန်းနေပုံရသည့် ကိုဝေမှူးကို သူ အကြည့်လွှဲလိုက်၏။
"သစ္စာဖောက်ပြီးတဲ့နောက် ဘယ်လိုအခြေအနေရှိလဲ လာကြည့်တာ"
သူ့စကားကြောင့် ဝေမှူးက မျက်နှာပျက်သွား၏။ သူလည်း လာမတွေ့ချင်ပါဘူး။ ဒါပေမဲ့လည်း အရင်ကသံယောဇဉ်ရှိခဲ့တာရော၊ အဖေတူအမေကွဲညီအစ်ကိုတော်နေတယ်ဆိုတဲ့ စိတ်နဲ့တင် လာတွေ့ခဲ့တာဖြစ်သည်။
"မင်းကိုအဲ့တုန်းကလုပ်ခဲ့ရတဲ့အတွက် ငါ စိတ်မကောင်းပါဘူး။ ငါလုပ်ခဲ့တဲ့ နည်းလမ်းက အောက်တန်းကျတယ်ဆိုရင်တောင် ငါနောင်တမရဘူး သခင်"
အခုချိန်ထိကို တောင်းပန်စကားတစ်ခွန်းမပြောသည့် ဝေမှူးကြောင့် သူတစ်ချက်မဲ့လိုက်၏။
"မတောင်းပန်ချင်ရင်တောင် ကျေးဇူးမကန်းသင့်ဘူး မဟုတ်လား"
"ဘာကိုလဲ..ငါ မင်းဆီက ရခဲ့တာတွေ အကုန်က ငါမင်းဆီမှာ အလုပ်လုပ်တဲ့အတွက် ထိုက်သင့်တဲ့ အဖိုးအခကို ငါရခဲ့တာလေ။ မင်းကို လုပ်ခဲ့တယ်ဆိုတာကလည်း ငါလုပ်သင့်တယ်ထင်လို့။ သားချင်းအတူတူတောင် ငါက ဘောင်မဝင်တဲ့ ကောင်ဖြစ်နေပြီး မင်းကိုကြအကုန်မြှောက်စားနေကြတာကို နာကြည်းလို့"
"ငါ့ကို မြှောက်စားထားတာမလို့ ကြည့်မရအောင် ငါ့ကိုမြှောက်စားထားတာက ငါ့အဖေဟုတ်လို့လား၊ ငါ့အမေနဲ့ ငါ့အဘွားကပဲ ငါလိုသမျှကို ဖြည့်စည်းပေးခဲ့တာ။ အဖေဆိုတာက ငါ့အတွက် နာမ်စားသပ်သပ်ပဲရှိခဲ့တာ။ ငါလူမှန်းသိတတ်စထဲက မရှိတော့တဲ့ အဖေကြောင့် ငါက ဘာလို့ နေရင်းထိုင်ရင်းနဲ့ မင်းမုန်းတာကိုခံရမှာလဲ။ အေး အဲ့ဒါကိုမှ မင်းက နာကြည်းသေးတယ် ထင်လည်း အဲ့နေရာမှာတင် လဲသေလိုက်။ ငါကတော့ ငါ့ဘက်က လုပ်သင့်တယ်ထင်လို့ မင်းကို စောစောထွက်လို့ရအောင် လုပ်ပေးခဲ့ပြီးပြီ"
လက်ရုံးပြောသည်များကို နားထောင်ပြီး အံ့ဩသွားသည့် ဝေမှူးမျက်နှာကို ဆက်မကြည့်ချင်တော့။ ကိုယ်ဘက်က လုပ်ပေးသင့်တယ်လို့ ခံယူမိလို့ မာမီမသိအောင် တစ်ဖက်လှည့်နဲ့ လုပ်ပေးခဲ့တာပါပဲ။ သိပ်တော့ စေတနာရှိလွန်းလို့တော့မဟုတ်။ သူ့အမေတစ်ယောက်ထဲကျန်ခဲ့တာမလို့ ကိုယ်ချင်းစာစိတ်နဲ့ လုပ်ပေးခဲ့တာပါပဲ။

YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)