49 Uni

18.5K 1.1K 53
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၉)
~~~~~~~~~~~~~~~~~~~~~~~~~
"တကယ်မလိုက်တာသေချာလား"

"မင်း ငါ့ကိုမေးနေတာ ၁၆၅ ခါလောက်ရှိနေပြီ၊ မလိုက်ပါဘူးဆိုနေမှပဲ"

ခေါင်ရန်းလက်ကိုဆွဲရင်း မောင်ကအတင်းဂျီကျနေတာမလို့ စိတ်မရှည်‌တော့ဘဲ ပြောလိုက်၏။

"ပေါင်ပေါင်းကလည်း..လူအများကြီးလာကြမှာလေ၊ မောင်က မောင့်ချစ်သူကိုလိုက်စေချင်တာပေါ့"

"လိုက်စေချင်တာမှာပေါ့၊ ပြီးရင်ပွဲထဲလည်း ငါ့ကိုတန်းလန်းတန်းလန်းနဲ့ လက်ကြီးဆွဲထားပြီး ပြုံးဖြီးနေချင်တာကို..၊ မင်းကလေ နေရာတကာ အရမ်းမဏ္ဍပ်တိုင်တက်ပြချင်တာ တအားပဲ"

"ပေါင်ပေါင်းကလည်း မောင့်မှာကြွားစရာဆိုလို့ ဒါလေးပဲရှိတာကို"

"မလိုက်ဘူး ငါခေါင်းနည်းနည်းမူးနေသေးတယ်။ မင်းနောက်လိုက်ရင် လူအများကြီးကြားမှာ ငါပိုဆိုးမယ်"

မောင့်ကို မောင့်စကားနဲ့ပဲပြန်ချုပ်ရသည်။ ခေါင်ရန်းမှာ ဆေးရုံတက်နေတာ နှစ်ပတ်တောင်ပြည့်ပြီဖြစ်သည်။ အဲ့လောက်မလိုပါဘူးဆိုတာကို အတင်းကိုဖြစ်နေသည့် မောင့်ကြောင့် ဒီလောက်ကြာသွားသည်လေ။

လူကဒီလောက်ဒေါင်ဒေါင်မြည်နေတာကို ဘယ်ခေါင်းကလာကိုက်ရမှာလဲ၊ တမင်မောင့်ကိုအမြင်ကပ်လို့ပြောပစ်လိုက်တာပင်။

"ဟုတ်လား၊ မောင်ဆရာဝန်သွားခေါ်လိုက်ရမလား"

"မခေါ်နဲ့၊ အဲ့လောက်ထိမလိုဘူး။ မင်းဟာမင်းသွားမဲ့အရေးသာသွားစမ်းပါကွာ။ ခုနက ဝင့်ဝါလှမ်းဖုန်းဆက်တယ်မဟုတ်လား၊ သွားတော့ နောက်ကျနေမယ်"

"ပြီးရော၊ အဲ့ဒါဆို နာရီဝက်တစ်ခါမောင်ဖုန်းဆက်မယ်။ မကိုင်ဘဲမနေနဲ့ ကိုင်နော်.."

"ဟ မောင်မင်းက ပွဲသွားမှာလေ၊ နာရီဝက်တစ်ခါဖုန်းဆက်ပြီးဘာလုပ်မှာလဲ"

"မသိဘူး ရအောင် ဆက်မှာပဲ။ ပေါင်ပေါင်းက ခေါင်းကိုက်နေတာကို မောင်က.."

"လက်ရုံးသခင် မင်းသွားမလား၊ ငါအော်ထုတ်ရမလား"

"သွားမယ် သွားမယ်၊ မောင့်ဘာသာသွားမယ်။ နာရီဝက်တစ်ခါဖုန်းဆက်မှာနော်"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Dove le storie prendono vita. Scoprilo ora